အစ္စရေးနဲ့ ယူအေအီးတို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ဩဂုတ်လအတွင်း သဘောတူညီမှုရရှိခဲ့ကြပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှ အစ္စရေးသို့ ပထမဆုံး တိုက်ရိုက် ပျံသန်းလာတဲ့ စီးပွားဖြစ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဥ်ဟာ တဲလ်အဗစ်မြို့အနီး လေဆိပ်မှာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) ဆင်းသက်ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်ရန် ပိုမိုခိုင်မာစေခဲ့ပါတယ်။

(Photo: UDI SHAHAM)

Ehihad လေကြောင်းလိုင်းမှ လေကြောင်းခရီးစဥ်အမှတ် Flight 9607 က ယနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီကျော်မှာ အစ္စရေးနိုင်ငံရဲ့ Ben-Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ပါတယ်။ Boeing 787 Dreamliner လေယာဥ်ဟာ အစ္စရေး ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်ပြီး အဘူဒါဘီမြို့သို့ ယနေ့ နှောင်းပိုင်းမှာ ထွက်ခွာမယ်လို့ Etihad ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



Etihad က ယူအေအီးနဲ့ အစ္စရေး နှစ်နိုင်ငံကြား ခရီးသည်တင်လေယာဥ်ပျံသန်းမှုတွေ ပုံမှန်ဝန်ဆောင်မှုပေးသွားရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။ ဟီဘရူး (Hebrew) ဘာသားစကားဖြင့် ဝက်ဘ်ဆိုက်တစ်ခုကိုလည်း Etihad က သီးသန်လွှင့်တင်ထားကြောင်း သိရပါတယ်။ Etihad လေကြောင်းလိုင်းဟာ ယခင်က COVDI-19 ကူးစက်မှုထိန်းချုပ်ရေးမှာ ပါလက်စတိုင်းတို့အတွက် အကူအညီများ ပို့ဆောင်ရန် တဲလ်အဗစ်မြို့သို့ အမှတ်အသားမပါတဲ့ ကုန်တင်လေယာဥ်ပျံသန်းခဲ့ပါတယ်။

(Photo: Getty Images)

အစ္စရေးနဲ့ ယူအေအီးတို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ဩဂုတ်လအတွင်း သဘောတူညီမှုရရှိခဲ့ကြပြီး စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ အစိုးရချင်း သဘောတူညီမှုများကို ဆက်သွယ်ဆောင်ရွက်သွားတော့မယ်လို့ ဆိုပါတယ်။ ထိုသဘောတူညီမှုအရ ယူအေအီးက အစ္စရေးကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့မှုတွေ အဆုံးသတ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးမှုအရ နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ထူထောင်ကြရန် သဘောတူညီချက်ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထို့အတူ ဘာရိန်းနိုင်ငံကလည်း အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် စက်တင်ဘာ ၁၅ ရက်နေ့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ယူအေအီးနဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိပြီး ပုံမှန်ဆက်ဆံရေး ထူထောင်လိုက်ကြတဲ့ တတိယနဲ့ စတုတ္တမြောက် အာရပ်နိုင်ငံတွေ ဖြစ်လာပါတယ်။ အီဂျစ်နဲ့ ဂျော်ဒန်တို့က အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၁၉၇၉ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်တို့မှာ အသီးသီး လက်မှတ်ရေးထိုးထားခဲ့ကြကြောင်း AP သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က