အောက်တိုဘာလ (၁၃)ရက်နေ့က မင်္ဂဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ Project K အဖွဲ့ကို ဆန္ဒပြတဲ့အဖွဲ့မှာ ဦးဆောင်သူာ(၇)ဦးကို တရားစွဲဆိုခဲ့ပြီး တစ်ဦးကို ဒဏ်ငွေကျပ် နှစ်သောင်းစီ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်တစ်ပါးအပါအဝင်၊ အမျိုးသား (၅)ဦးနဲ့ အမျိုးသမီး (၁)ဦး စုစုပေါင်း (၇)ဦးကို အောက်တိုဘာလ (၁၄)ရက်နေ့က ငြိမ်းစုစီ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မနေ့ကက အောက်တိုဘာလ (၁၉)ရက်နေ့မှာတော့ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ အားလုံး တရားစွဲဆိုခံရသူ (၇)ဦးပေါ့။ တစ်ယောက်ကိုငွေဒဏ် နှစ်သောင်း၊ ဒါမှမဟုတ် ထောင်ဒဏ်(၁၅)ရက်ဆိုပြီးချတာပါ။ အားလုံးငွေဒဏ်ပဲ ပေးဆောင်ခဲ့တယ်”လို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကို ပြောပါတယ်။
Project K အဖွဲ့က ကိုရီးယားမှာ ကျင်းပပြုလုပ်တဲ့ Asia Song Festival 2020ဖျော်ဖြေပွဲမှာ ရွှေတိဂုံစေတီတော်ပုံကို စင်မြင့်အခင်း LED မှာ ပြသခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုံ့ချကြောင်းကို သူတို့အဖွဲ့ ပြန်လာတဲ့နေ့ အောက်တိုဘာလ (၁၃)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ Project အဖွဲ့ကလည်း ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားသလို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ကလည်း Project K အဖွဲ့တောင်းပန်ထားတဲ့အပေါ်မှာ ခွင့်လွှတ်ပေးဖို့ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။