ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့်လည်း ရောက်ရှိချိန်မှာ သေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။

ကော့မှူးမြို့နယ် ၊ သခွတ်ပင်ကျေးရွာလမ်းဆုံရှိ တမာပင်ပေါ် NLD အလံတက်ချည်တဲ့ အသက်(၂၈) နှစ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယင်းအမျိုးသားက ကော့မှူးမြို့နယ် ၊ စက်စုကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သခွတ်ပင်ကျေးရွာလမ်းဆုံရှိ သူ့ဖခင်ရဲ့ လက်ဖက်ရည်ဆိုင်ရှေ့က တမာပင်ပေါ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတိုင်ကို သစ်ပင်နဲ့တွဲချည်ဖို့ တက်သွားခဲ့ပြီး အလံတိုင်ချည်နေစဉ်မှာပဲ လက်ချော်ပြီး နောက်လန်ပြုတ်ကျခဲ့တယ်လို့ ကော့မှူးဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။



ဒီလိုပြုတ်ကျတဲ့ ဖြစ်စဉ်ကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိပြီး သတိမေ့မြောသွားတာကြောင့် ဝါးဘလောက်သောက်ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ဆေးရုံကိုရောက်ရှိချိန်မှာ သေဆုံးနေပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်အတွက် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ စခန်းက တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

" ဖြစ်စဉ်က မှန်ပါတယ် ။ အခု ကျွန်တော်တို့ သေမှုသေခင်းဖွင့်ဖို့ ဆောင်ရွက်နေတယ် ။ အခုတော့ ဒီလောက်ပဲ ပြောလို့ရပါဦးမယ် " လို့ ကော့မှူးမြို့နယ် ၊ သခွတ်ပင်ရဲကင်းစခန်း ၊ အမှုစစ်အရာရှိ ရဲအုပ်လှငွေက Duwun ကို ပြောပါတယ်။ အဆိုပါ ဖြစ်စဉ်က ဒီနေ့ အောက်တိုဘာလ ၂၀ရက် ၊ မနက် ၈နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Share

Loading Next Article...
က္က