လက်ရှိအချိန်မှာ အမ်း နဲ့ ပလက်ဝဒေသကို ပြန်လည်စဉ်းစားသုံးသပ်နေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေကို လုံးဝမကျင်းပတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဌာနအသီးသီးရဲ့ သုံးသပ်ချက်တွေအရ အန္တရာယ်ကင်းရှင်းတဲ့အချိန်မှာ ပြန်လည်ကျင်းပနိုင်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

လက်ရှိမှာတော့ အမ်း နဲ့ ပလက်ဝဒေသကို ပြန်လည်သုံးသပ်နေပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာဌာနအသီးသီးရဲ့ သဘောထားမှတ်ချက်ရရှိတဲ့အခါ နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲမှာ ထည့်သွင်းကျင်းပနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



ဓာတ်ပုံ-ဆူးနစ်(NPT) (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ယနေ့ နေ့လယ် ၂ နာရီက မီဒီယာများနဲ့တွေ့ဆုံရှင်းလင်းစဉ်)

"ချန်လှပ်ထားတဲ့ မြို့နယ် ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံပြီး အန္တရာယ်ရှိစေဖို့ အကြောင်းအရာတွေ မပေါ်ပေါက်ပါဘူးလို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ဒီသဘောထားမှတ်ချက်တွေ သိလာရင် ဒါတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ အခု ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲမှာ အချိန်မှီရင်လည်းပဲ ကျင်းပသွားဖို့ပဲ ရှိပါတယ်။ဘေးကင်းလုံခြုံစွာပေးနိုင်တယ်ဆိုရင် အဲဒီအချိန်မှာ ကျင်းပသွားဖို့ရှိပါတယ်။မဲဆန္ဒရှင်တွေကိုလည်း ဒီဇင်ဘာလကုန်အထိ အသက်အရွယ်တွေခန့်မှန်းပြီး မဲစာရင်းပြုစုထားခဲ့တယ်။ဒီမဲဆန္ဒနယ်တွေမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားပြီးသားတွေလည်းရှိတယ်။အန္တရာယ်ကင်းရှင်းပြီးဆိုရင်တော့ ဒီနရာတွေလည်း ကျင်းပသွားမယ်လို့ ဖြေကြားချင်ပါတယ် " လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာတွေကို ပြောပါတယ်။

သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဌာနတွေဆီက သဘောထားမှတ်ချက်တွေကို ၂ကြိမ်တောင်းခံရယူပြီး သဘောထားမှတ်ချက်တွေကို လေ့လာစိစစ်ကာသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တင်ပြချက်တွေကို စုပေါင်းပြီး သုံးသပ်ပြီးမှ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ကြေညာလိုက်ခြင်းဖြစ်ကြောင်း ယနေ့ နေ့လယ် ၂ နာရီ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမြင့်နိုင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေအဖြစ် ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်က မြို့နယ် (၁၅)ခု ၊ ရပ်ကွက် (၂၃)ခု နဲ့ ကျေးရွာအုပ်စုပေါင်း (၅၅၁)ခုကို ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့် နယ်မြေများထုတ်ပြန်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီကြေညာချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီများအကြား ဝေဖန်မှုမြင့်တက်နေသလို ကချင်ပြည်နယ်ပြည်သူ့ပါတီ ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်ညီညွတ်ရေးပါတီတို့ ပါဝင်တဲ့ ပေါင်းစည်းတိုင်းရင်းသား (၅)ပါတီတို့ကလည်း ပူးတွဲထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က