ရူပီး ၂၅၀၀ နဲ့ ၃၀၀၀ အကြား ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။

အိန္ဒိယတယ်လီကွန်းကုမ္ပဏီ Reliance Jio ဟာ မြန်မာငွေ ၄ သောင်းခွဲနဲ့ ၅ သောင်းကျော်အကြား တန်ဖိုးနည်း 5G ဖုန်းတစ်မျိုး ဖြန့်ချိသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Reliance Jio အနေနဲ့ ရူပီး ၅ ထောင် (မြန်မာငွေ ၈ သောင်း ၈ ထောင်ခန့်) ထက်နည်းတဲ့ 5G ဖုန်းကို စပြီး ဖြန့်ချိဖို့ လုပ်နေပြီး ရောင်းချမှု များလာတာနဲ့ ရူပီး ၂၅၀၀ (မြန်မာငွေ ၄ သောင်းခွဲခန့်) နဲ့ ရူပီး ၃၀၀၀ ( မြန်မာငွေ ၅ သောင်းကျော်) အကြားပဲ ကျသင့်မယ်လို့ ဆိုပါတယ်။




Photo: xda-developers

"Jio ဟာ ရူပီး ၅၀၀၀ အောက်တန် ထုတ်ကုန်တွေ ပေးချင်ပါတယ်။ ရောင်းအားတက်လာတဲ့အခါမှာ ဈေးနှုန်းဟာ ရူပီး ၂၅၀၀ နဲ့ ၃၀၀၀ အကြားပဲ ရှိနိုင်ပါတယ်။" လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြောင်း Gizmochina သတင်းက ဖော်ပြထားပါတယ်။ 

ကုမ္ပဏီအနေနဲ့ လက်ရှိမှာ 2G ကွန်ရက်ပဲ သုံးနေတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူသန်း ၂၀၀ နဲ့ ၃၀၀ အကြား ပရိသတ်ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Reliance Jio ကို အီးမေးလ်နဲ့ မေးမြန်းထားပေမယ့် တုံ့ပြန်မှုတစ်စုံတစ်ရာ ပြန်မလာသေးဘူးလို့လည်း သတင်းတစ်ချို့က ဖော်ပြထားပါတယ်။

လက်ရှိ အိန္ဒိယရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်းဟာ ၂၄၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်းခွဲခန့်)တန် OnePlus Nord ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ အိန္ဒိယဈေးကွက်ထဲ 5G ကွန်ရက် ချိတ်ဆက်မှုရတဲ့ flagship နဲ့ upper midrange ဖုန်းတွေ ဖြန့်ချိထားပေမယ့် အိန္ဒိယဟာ အခုထိတော့ 5G ကွန်ရက်ရရှိသေးတာ မဟုတ်ပါဘူး။

Photo: Zee Business


အိန္ဒိယအစိုးရဟာ 5G ကွန်ရက် စမ်းသပ်မှုတွေ လုပ်ဖို့ တယ်လီကွန်းဝန်ဆောင်မှုကုမ္ပဏီတွေကို လှိုင်းနှုန်းစဉ် ခွဲပေးခြင်း မရှိသေးပါဘူး။ Reliance Jio ဟာ ကိုယ်ပိုင် 5G ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်နေပြီး အိန္ဒိယတယ်လီကွန်းဌာနဆီက 5G လှိုင်းနှုန်းစဉ်ခွဲဝေမှုကို စောင့်ဆိုင်းနေတာပါ။ 

Reliance Jio ဟာ ၂၀၁၆ ခုနှစ်မှာ 4G ရတဲ့ Jio Phone တွေကို ပြန်အမ်းမယ့် စပေါ်ကြေး ရူပီး ၁၅၀၀ (မြန်မာငွေ ၂ သောင်း ၆ ထောင်ကျော်) နဲ့ အခမဲ့ ရောင်းချခဲ့ပါတယ်။ 5G support ရဲ့ ပထမဆုံး Jio Phone ကို နောက်နှစ်ထဲမှာ မိတ်ဆက်သွားမယ်လို့လည်း ခန့်မှန်းရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က