၁၉၉၉ ခုနှစ်ကဖွင့်ထားတဲ့ ပထမသတင်းပေးတိုင်ကြားချက်အရလည်းဖြစ်တယ်လို့ သိရပါတယ်။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ဒီနေ့ စက်တင်ဘာ (၂၀) ရက် က တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာမှာ ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ စွဲချက်တင်လိုက်တယ်လို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောလိုက်ပါတယ်။

ဒီကနေ့ စစ်ဆေးမှုမှာ တရားလိုနဲ့ တရားလိုပြသသက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်က သူ့အပေါ် စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ဆိုပါတယ်။“ ဒီနေ့လိုပြသက်သေ ငါးယောက်စစ်ဆေးပြီးတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဦးကျော်မြင့်သည် မန္တလေးအကျဉ်းထောင်ကနေပြီးတော့ ဆေးရုံတက်နေစဉ်မှာ မန္တလေးဆေးရုံကြီးကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်းပေါ်ပေါက်တဲ့အချက်တွေ ရှိတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ နဲ့ စွဲချက်တင်ပါတယ်။ ပြီးတော့ အပြစ်ရှိ၊မရှိမေးမြန်းပါတယ်။ ဦးကျော်မြင့်က အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်” လို့ ဦးကျော်မျိုးဝင်းကဆိုပါတယ်။ထောင်ပြေးမှုနဲ့ဖမ်းဆီးပြီး မန္တလေးအိုးဘိုထောင်မှာချုပ်နှောင်ထားတဲ့ နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်ကို ဒီနေ့မှာ တတိယအကြိမ်မြောက်အဖြစ် မန္တလေး၊ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့သာ တရားစွဲဆိုထားတာဖြစ်ပြီး နောက်ထပ်အမှုတွေကတော့ လောလောဆယ် တရားရုံးကို ရောက်မလာသေးတာကြောင့် တရားစွဲမတင်သေးဘူးလို့လည်း တရားရုံးပြန်ကြားရေးအရာရှိက ဆိုပါတယ်။

လက်ရှိမှာ သမ္မတရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုဘဏ်စာရင်းတွေထဲမှာ တရားမဝင်လွှဲပြောင်းရယူထားတဲ့ ငွေကြေးတွေ ပါဝင်နေပြီး ဒါဟာ ငွေကြေးခဝါချမှုဥပဒေနဲ့ ငြိစွန်းနေတယ်လို့လည်း ပြီးခဲ့တဲ့ အောက်တိုဘာ (၁၅) ရက်ကပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။နှင်းဆီပါတီဥက္ကဌရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်းမှာ တရုတ်နိုင်ငံထံကနေ တရားမဝင်လွှဲပြောင်းရယူထားတဲ့ငွေကြေး ကျပ်ငွေ (၁၆) ဘီလျံကျော်ရှိတယ်လို့ စုံစမ်းသိရှိထားရပြီး ဒါဟာ (၂၀၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး ပုဒ်မ (၄၃) အရ ထောင်ဒဏ် (၁၀) နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့လည်းသိရပါတယ်။ ဦးကျော်မြင့်(ခ)ဟူးဝါးဆိုသူဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလက အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅/ည၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၉ တို့နဲ့ ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် ၉ နှစ်ကျခံခဲ့ရပြီး အဲဒီကနေတစ်ဆင့် မန္တလေးအိုးဘိုထောင်ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အကျဉ်းထောင်ပြင်ပဆေးကုသခွင့်ရယူပြီး မန္တလေး ဆေးရုံကြီးကနေထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ဦးကျော်မြင့်ကို ရန်ကုန် ပန်းလှိုင်အိမ်ရာမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် သူထွက်ပြေးခဲ့တဲ့မန္တလေးအိုးဘိုထောင်ဆီမှာ ဖမ်းဆီးချုပ်နှောင်ပြီး အမှုဆက်လက်စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။  လက်ရှိ သူ့ကိုစွဲထားတဲ့အမှုအတွက် မြို့နယ်တရားရုံးကနေ အမှုအမှတ် ၇၈၃/၂၀၂၀ နဲ့လက်ခံစစ်ဆေးသွားမှာလို့လည်းသိရပြီး ဒါဟာ ၁၉၉၉ ခုနှစ်ကဖွင့်ထားတဲ့ ပထမသတင်းပေးတိုင်ကြားချက်အရလည်းဖြစ်တယ်လို့ သိရပါတယ်။ ထောင်ပြေးမှုနဲ့ ပတ်သက်ပြီး စွဲတင်ထားတဲ့ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့်အောက်တိုဘာလ (၂၃) ရက်ကို ချိန်းဆိုထားပြီး အဲဒီနေ့မှာ ဦးကျော်မြင့်ကိုစတင်စစ်ဆေးတော့မှာဖြစ်တယ်လို့လည်း ဒီနေ့ပြုလုပ်တဲ့ရုံးချိန်းကနေ သိရပါတယ်။

Share

Loading Next Article...
က္က