လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ကို တိုက်ခိုက်နေတဲ့ ပါတီတွေ ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲမဲရလဒ်အပေါ်မူတည်ပြီး အနိုင်ရသွားရင်လည်း ဖြုတ်ချမှာဖြစ်တယ်လို့ KNC ဥက္ကဌ Mကောန်လက ပြောကြားလိုက်တာပါ။
လွန်ခဲ့တဲ့ ၂လခန့်ကကတည်းက စတင်ပြီး အင်အားကြီးပါတီနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေလွှတ်တော်ကိုယ်စားလှယ်လောင်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း ၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်ခြင်းနဲ့ KNC ပါတီရဲ့ သတင်းအမှားဖြန့်ဝေတာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ Mကောန်လက Duwun ကို ပြောပါတယ်။
Photo- Kachin National Congress
" personal attack တွေ ၊ ပါတီကို သတင်းမှားတွေ ဖြန့်တာ ၊ မီဒီယာ abuse တွေ အများကြီးပဲ ။ သက်သေတွေလည်း တစ်ပုံကြီး ။ ပို့ဖို့တော့ရှိတယ် ။ ကျွန်တော်တို့ စိတ်ပျက်နေပြီ ။ ရက်ကလည်း ကပ်နေပြီ ။ ဘာမှသိပ်မပြောချင်တော့ဘူး ။ ဒါပေမယ့် လိုအပ်ရင် ဥပဒေအရ တရားစွဲမယ် အဲဒါနဲ့ ။ ခုံရုံးမှာတွေ့မယ်လေ ။ ခုံရုံးမှာ ဖြေရှင်းရမယ့် ကိစ္စတွေလို့ပဲ အခုတွေးထားတယ်။ အခုက ပို့လည်း သိပ်မထူးဘူးဆိုတော့ အနိုင်ရလဒ်ပြောင်းပြီဆိုလို့ကတော့ ခုံရုံးပို့ပြီး တရားစွဲမယ် ။ အခုတော့ page ကနေ သွယ်ဝိုက်သတိပေး ထားတယ် တရားစွဲမယ် ဆိုတာကို ။ ရလဒ်အပေါ်မူတည်ပြီးတော့လည်း အနိုင်ရမယ်မထင်နဲ့ ဖြုတ်ချမှာ ။ဒါမှနားမလည်ရင်တော့ မတတ်နိုင်ဘူး ။ အခုနေတော့မပြောသေးဘူး နောက်ကျရင် သက်သေတွေရှိတယ်လေ ။ အဲ့ကျမှ အကုန်ဒုက္ခများမယ် ။ ၂၀၁၅တုန်းကလည်း အဲဒီလို ခုံရုံးက အဆုံးအဖြတ်ပေးလိုက်ရတဲ့ကိစ္စတွေရှိတယ်လေ ဘူးလက်လှဆွေတို့ ဖြစ်ကြတဲ့ကိစ္စတွေ၊ နောက်ဆုံးဘာဖြစ်သွားလဲ။ အဲဒါပဲ ။ အခုနေပြောလည်း ဘာမှ မလုပ်ပေးနိုင်တယ် ။ အင်အားကြီးပါတီပဲ ထားပါတော့ ။ ကျွန်တော်တို့ နိုင်မယ့်နေရာတွေမှာလုပ်တယ် ။ အနိုင်ရလဒ်မပြောင်းရင် ကိစ္စမရှိဘူး။ပြောင်းသွားရင် ဒီဟာတွေကြောင့်ဆိုတာ ပေါ်လာမှာလေ ။ လူထုကလည်း ဒါကိုသိတော့သိတယ် " လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ Mကောန်လက Duwun ကို ပြောပါတယ်။
ဒီလို ပါတီ နဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တဲ့ အပြုအမူတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားခဲ့မယ့်လည်း ကော်မရှင်အနေနဲ့ မဖြေရှင်းနိုင်ဘူးလို့လည်း KNC ဥက္ကဌက ပြောပါတယ်။
ဒါကြောင့် ဖြစ်စဉ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဆောင်ရွက်မှာမဟုတ်ဘဲ ရွေးကောက်ပွဲရလဒ် အပေါ်မူတည်ပြီးသာ ဥပဒေအတိုင်းဆောင်ရွက်မယ်လို့ Mကောန်လက ပြောကြားလိုက်တာပါ။
Photo- Kachin National Congress
" ပါစင်နယ်တိုက်ခိုက်မှုတွေ အများကြီးရှိတယ် ။ဒါ့အပြင် ဥပဒေ နဲ့လုံးဝမကိုက်ညီတဲ့ စည်းကမ်းချိုးဖောက်မှုတွေလည်း အများအပြားပဲ။ UEC စေ့စပ်ညှိနှိုင်းဖြေရှင်းရေးကော်မတီတော့ ပြောတာတော့ရှိတယ် ။ ဒါပေမယ့် သူတို့အကုန်မလုပ်နိုင်ဘူး။ သူတို့မနိုင်ဘူးပေါ့ဗျာ။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက အကျိုးအကြောင်းပြောထားတာရှိတယ် အခုထိ ဘာအရေးမှမယူဘူး။ စာတွေလည်းပို့တယ် ။ CD ချပ်တွေလည်း ပို့တယ် ။ သက်သေ သာဓကတွေအများကြီးတင်ပြထားတယ် ။ ဒါပေမယ့် မလုပ်ဘူး။ ကချင်ပြည်နယ် UEC မဟုတ်ဘူး နေပြည်တော် UECအထိကို ပို့တာ။ပါတီကနေ တိုက်ခိုက်တယ် ။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်တိုင်က တိုက်ခိုက်နေတာ ။ သက်သေတွေရှိတယ် ။ ရွေးကောက်ပွဲဥပဒေနဲ့မညီတဲ့ စာရွက်စာတမ်းဝေမှုတွေရော အများကြီးပဲ ။ အခုနေပါစေဦး ၊ ရလဒ်ပေါ်ရင် လိုအပ်ရင် လုပ်မယ်။ UEC က ရှင်းရှင်းပြောရရင် အားကိုးရာ ဖြစ်မနေဘူး အခုက ။ သမာသမတ်ကျတဲ့နေရာမှာ ဖြစ်မနေဘူး ။ ကျွန်တော်တို့ပါတီအတွက်ပြောတာပါ တခြားပါတီတွေ အတွက်တော့ မသိဘူး " လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ Mကောန်လက Duwun ကို ပြောပါတယ်။
ကချင်အမျိုးသားကွန်ဂရက်ပါတီက ၂၀၂၀ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ကိုယ်စားလှယ်လောင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ၅ဦး ၊ အမျိုးသားလွှတ်တော် ၂ဦး ၊ ပြည်နယ်လွှတ်တော် ၁၂ဦး နဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။