၂၀၂၅ မတ်လထဲမှာ အရောင်းအဝယ်ကိစ္စအားလုံး ပြီးပြတ်ဖို့ ရှိပါတယ်

အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Intel ဟာ ကုမ္ပဏီပိုင် NAND flash memory စီးပွားရေးလုပ်ငန်းကို တောင်ကိုရီးယားမှ SK Hynix အား ဒေါ်လာ ၉ ဘီလျံနဲ့ ရောင်းချဖို့ သဘောတူညီမှု ရထားတယ်လို့ ကြေညာလိုက်ပါတယ်။

အရောင်းအဝယ်သဘောတူညီမှုအရ SK Hynix ဟာ IP လိုင်စင်အားလုံး နဲ့ NAND SSD လုပ်ငန်းအပြင် တရုတ်နိုင်ငံ ဒါလီယံမှာ ရှိတဲ့ စက်ရုံကိုပါ ပိုင်ဆိုင်ဖို့ရှိပါတယ်။ ကုမ္ပဏီနှစ်ခုဟာ လာမယ့် ၂၀၂၁ ခုနှစ်အကုန်ပိုင်းလောက်မှာ အစိုးရဆီက ခွင့်ပြုချက်တွေ ရဖို့ ရှိပြီး ၂၀၂၅ မတ်လထဲမှာ အရောင်းအဝယ်ကိစ္စအားလုံး ပြီးပြတ်ဖို့ ရှိပါတယ်။



Photo: GSMArena

သဘောတူညီချက်အရ Intel NAND SSD နဲ့ ဆိုင်တဲ့ ဉာဏမူပိုင်ခွင့်တွေနဲ့ ဝန်ထမ်းတွေအတွက် ကနဦး ဒေါ်လာ ၇ ဘီလျံ ပေးရဖို့ ရှိပြီး နှစ်နှစ်အတွင်း NANA flash wafers တွေရဲ့ ဆိုင်တဲ့ ဒီဇိုင်း ၊ သုတေသနအင်ဂျင်နီယာနဲ့ ဝန်ထမ်းတွေအားလုံးကို ဝယ်ယူသွားမှာပါ။ Intel အနေနဲ့ အရောင်းအဝယ် ပြီးစီးတဲ့အထိ နောက် ၁၂ လကြာအောင် စက်ရုံကို သုံးနိုင်မှာ ဖြစ်ပါတယ်။

"Intel အတွက် အခု သဘောတူညီချက်ဟာ ကျွန်တော်တို့ ဖောက်သည်တွေရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ့် ကွဲပြားဆန်းသစ်တဲ့ နည်းပညာပိုင်း ရင်းနှီးမြှပ်နှံရေးမှာ ပိုပြီး ဦးစားပေးနိုင်မှာ ဖြစ်သလို ကျွန်တော်တို့ရှယ်ယာရှင်တွေကိုလည်း ပိုပြီး ဆွဲဆောင်နိုင်မှာပါ။" လို့ Intel အမှုဆောင်အရာရှိချုပ် ဘော့ပ်ဆွမ်းက ပြောပါတယ်။ 

Intel ရဲ့ အဆင့်မြင့် Optane memory နည်းပညာကတော့ အရောင်းအဝယ်မှာ မပါဘူးလို့ The Verge သတင်းက ဆိုပါတယ်။ Intel ဟာ ပင်မလုပ်ငန်းဖြစ်တဲ့ chip ထုတ်လုပ်မှုနဲ့ ဒေတာစင်တာစီပွားရေး လုပ်ငန်းပိုင်းကို ပိုပြီး အာရုံစိုက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ Intel ဟာ ကုမ္ပဏီရဲ့ 5G modem စီးပွားရေးလုပ်ငန်းကို ဒေါ်လာ ၁ ဘီလျံ သဘောတူညီမှုနဲ့ Apple ကို ရောင်းချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က