ပြည်သူတွေရဲ့ ကျန်းမာရေးကို ငဲ့ပြီး ယှဉ်ပြိုင်ခြင်းမပြုတာလို့ ဆိုပါတယ်။

ပါတီဝင်အင်အား (၂,၅၀၀)ခန့်ရှိတဲ့ လူထုပါတီအနေနဲ့ ကိုဗစ်ကာလမှာ ပြည်သူတွေရဲ့ ကျန်းမာရေးကို ငဲ့ကွက် ပြီး မဲဆွယ်စည်ရုံးရေးတွေလုံးဝမလုပ်တော့ဘဲ ရွေးကောက်ပွဲလည်း ဝင်ရောက်မယှဉ်ပြိုင်တော့ဘူးလို့ သိရပါတယ်။

ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းသွင်းထားပြီး မဲရရှိရေးအတွက် လှုပ်ရှားမှုတွေ လုံးဝမလုပ်ဘူးလို့ ပါတီဥက္ကဌ ဖြစ်သူ ဦးပါစီပြည်ဟိန်းက Duwun ကိုပြောပါတယ်။



“ အဓိက,က ကိုဗစ်ကြောင့်ပြည်သူတွေရဲ့ ကျန်းမာရေးကိုငဲ့ပြီး မဲဆွယ်စည်းရုံးရေး လုံးဝမလုပ်ဘဲ ဝင်မပြိုင်တာပါ။ ပါတီအနေနဲ့ကတော့ တခြား အခက်အခဲဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့တစ်လလောက်ကမှ ပါတီအနေနဲ့ ဒီဆုံးဖြတ်ချက်ကိုချလိုက်တာပါ။ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ပါတီလက်ကမ်းစာရွက်တွေ၊ဆိုင်းဘုတ်တွေ အားလုံးပြင်ဆင်ပြီးမှ အခုလိုဆုံးဖြတ်လိုက်တာပါ”လို့ ဦးပါစီပြည်ဟိန်းက ပြောပါတယ်။

လူထုပါတီအနေနဲ့က ကော်မရှင်မှာ စာရင်းသွင်းထားပြီးသားဖြစ်လို့ ရွေးကောက်ပွဲမှာ စာရင်းပါနေမှာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေမလုပ်ပေးမယ့် အစိုးရကစီစဉ်ပေးတဲ့ နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်တဲ့ နိုင်ငံရေးပါတီတွေ ရဲ့ တင်ပြချက်တွေမှာတော့ ပါဝင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ လူထုပါတီဝင်တွေအနေနဲ့ရော မဲဆန္ဒရှင်တွေအနေနဲ့ ပါ ပြည်သူလူထုနဲ့ သင့်လျော်မယ့် ပြည်သူ့မျက်နှာကိုကြည့်မယ့် ပါတီကိုသာ မဲပေးကြဖို့ကိုလည်း ဦးပါစီပြည်ဟိန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။ လူထုပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်းအတွင်းက (၃)နေရာမှာသာဝင်ရောက်ယှဉ်ပြိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။

လူထုပါတီကို (၂၀၁၅)ခုနှစ်က ပါတီဝင် (၁၀၀၀)ကျော်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၂၀၁၅)ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မြို့နယ်တိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ သက်တမ်း(၅)နှစ်တာ ကာလရှိပြီဖြစ်တဲ့ လူထုပါတီအနေနဲ့ကတော့ သိမ်းဆည်းခံလယ်သမားတွေရဲ့ လယ်သိမ်းမြေသိမ်းကိစ္စတွေကို အဓိကလှုပ်ရှားကူညီဆောင်ရွက်ပေးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က