ဒီအစီအစဉ်လေးကနေ အထူးဆုတွေအဖြစ် Hyundai Grand i10 ကား (၁၀) စီး ၊ Honda Scoopy Motorbikes အစီး (၂၀) ၊ ၂ သိန်းတန် E-money ဆုတွေအပြင် အခြားအခြားသော တယ်လီကွန်းဆုတွေကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

အခုအချိန်ကာလသည် အောက်တိုဘာလထဲကိုရောက်ပြီဆိုတော့ မိုးရာသီတောင်ကုန်တော့မယ်လို့ဆိုနိုင်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ၁၂ လရာသီ ပွဲတော်နဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ သီတင်းကျွတ် အခါသမယ ကိုရောက် ရှိတော့မယ့်အချိန်ပဲပေါ့။ ရှေးခေတ်ကတော့ သန်တူလ လို့ ခေါ်ခဲ့ကြတာတွေ့ခဲ့ရပါတယ်။ ‘သန်’ ဆိုတာက 'စပါးပင်’ ကို ရည်ညွှန်းပြီး ‘တူ’ ဆိုတာကတော့ ‘ထူ’ လို့ယူဆမယ်ဆိုရင် “စပါးပင်တွေ ထူထူထောင်ထောင် ပေါက်ရောက်လျက်ရှိတဲ့ကာလလို့ အဓိပ္ပာယ်ကောက်လို့ရပါတယ်။ ပုဂံခေတ်လယ်လောက်ကနေစပြီး ဒီဘက် ခေတ်ရောက်တဲ့အထိ သီတင်းကျွတ်လို့ ခေါ်ကြတာကတော့ သီတင်းသီလစောင့်ထိန်းသူတို့က ကျွတ်လွတ်ကုန်ဆုံး အောင်ပြုတယ် ဆိုတဲ့ အနက်အဓိပ္ပာယ်ရပါတယ်။

အားလုံးလည်း သိကြတဲ့အတိုင်းပဲ အခုအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နေရတာကြောင့် သီတင်းကျွတ်ပွဲတော်ကို ကျင်းပတဲ့အစဉ်အလာကတော့ ကိုဗစ်ကြောင့် ပျက်သွားတာမျိုးတော့မဟုတ်ပေမဲ့လည်း ပွဲလမ်းသဘင်တွေ ဖျော်ဖြေရေးပွဲတွေကို အရင်လို အပြင်မှာလုပ်မယ့်အစား ဖေ့ဘုတ်လို လူမှုကွန်ရက်တွေ ကတစ်ဆင့် ကျင်းပလာပြီး လူတွေရဲ့ ဘဝနေထိုင်မှုပုံစံက မသိမသာ ပြောင်းလဲလာရပါပြီ။ ဒီလိုအချိန်မှာ လုပ်ငန်းတိုင်းက သူ့ထက်ငါ အပြိုင်အဆိုင် ပိုကောင်းတဲ့အစီအစဉ်အသစ်တွေ ဝန်ဆောင်မှုအသစ်တွေကိုလုပ် လာတဲ့အထဲမှာမှ ထူးခြားပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲ့ဒါကတော့ မြန်မာပြည်ကိုဦးဆောင်နေတဲ့အော်ပရေတာတစ်ခုဖြစ်တဲ့ MyTel က သုံးစွဲသူ ပြည်သူတွေကို သီတင်းကျွတ်ကာလမှာ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ MyGarawa ဆိုတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကနေ အထူးဆုတွေအဖြစ် Hyundai Grand i10 ကား (၁၀) စီးHonda Scoopy Motorbikes အစီး (၂၀) ၂ သိန်းတန် E-money ဆုတွေအပြင် အခြားအခြားသော တယ်လီကွန်းဆုတွေကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ပထမဆုံး ဒီအစီအစဉ်မှာ ဘယ်လိုပါဝင်ရမလဲ ဆိုတာလေးရှင်းပြချင်ပါတယ်။ ပါဝင်နိုင်မယ့်နည်းလမ်းတွေကတော့ 

  • ၂၀၀ ကျပ်ဖိုးနဲ့ အထက် Mytel Data Package တွေကို USSD ၊ Infinity Plan ၊ MytelPay App ကနေတစ်ဆင့် ဝယ်ယူရင်ပဲဖြစ်ဖြစ် လက်ဆောင်ပေးရင်ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) 
  • ၁,၀၀၀ ကျပ်ဖိုးနဲ့အထက် မည်သည့်နည်းနဲ့မဆို ငွေဖြည့်ရင်ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) 
  • Mytel FTTH Package အတွက် လစဉ်ကြေးကို အပြည့်ပေးသွင်းရင်ပဲဖြစ်ဖြစ် ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရသွားမှာဖြစ်ပြီး ကံစမ်းမဲ ကုတ်တစ်ခုကို လက်ခံရရှိမှာပဲဖြစ်ပါတယ်။ ဒီလို ကံစမ်းမဲ ကုတ်နံပါတ်တစ်ခု ရရှိမယ့်အပြင် အလန်းစားတယ်လီကွန်းဆုတွေကိုပါ ချက်ချင်းရရှိမှာဖြစ်ပြီး MyID MyGarawa Game ဆော့ကစားခွင့်တွေပါ ရရှိသွားမှာပါ။ 

MyTel ကတော့ အစီအစဉ်အသစ်တွေကို ပုံစံအသစ်တွေနဲ့ အမြဲယူဆောင်လာပေးနေကြဖြစ်တဲ့အတွက် ဒီတစ် ခေါက် ဂိမ်းကလည်း ထူးခြားလို့နေပြန်ပါတယ်။ ဂိမ်းရဲ့ သဘောတရားကတော့ ဇီးကွက်လေးက ခုန်ခုန်ပြီး လက်ဆောင်ပစ္စည်းလေးတွေ၊ ဆုတွေ စုဆောင်းပြီးတော့ သူရဲ့ မိသားစုဆီကိုပြန်ပြီး သီတင်းကျွတ်လက်ဆောင်ပေး တဲ့ ချစ်စရာဇာတ်လမ်းလေးပါ။ 

ဘယ်လိုဆော့ရမလဲ မေးလာရင်တော့ MyID ကိုဖွင့်၊ MyGarawa ဆိုတဲ့ Icon လေးကို နှိပ်လိုက်ပြီး Play ဆိုတာနှိပ်လိုက်ရုံပါပဲ။ အင်း…..နှိပ်ပြီးတာနဲ့ ကစားမယ့်ပုံစံကို ရွေးလို့ရပါပြီ။ ခလုတ်ကို နှိပ်ပြီးဆော့မလား၊ အသံတစ်ခုခုပြောပြီးဆော့မလား ဆိုတာကိုရွေး၊ ပြီးတာနဲ့ခုန်ပေတော့ပဲ။ အစပိုင်းတော့ လွယ်ပေမဲ့ နောက်ပိုင်းမှာ နည်းနည်းတော့ မြန်လာတယ်။ အော် MyID App ကို မဒေါင်းရသေးဘူးဆိုရင်တော့ http://onelink.to/myid ဒီလင့်လေးကနေ ဒေါင်းလို့ရပါတယ်နော်။  

ခုန်နေရင်း လမ်းမှာ လက်ဆောင်ပုံးလေးတွေကို တွေ့ရင် ကျော်မသွားနဲ့နော်။ အဲ့ထဲမှာလည်း ဆုကြီးတွေ ပါတာမို့လို့ မရ ရအောင်ကောက်ဖို့လိုပါတယ်။ နောက်ပြီးလမ်းမှာ တွေ့တဲ့ ဆင်းမ်ကတ်လေးတွေကို ကောက်ပြီး စုထား၊ အကယ်၍ S1, S2, S3 စသဖြင့် စုသွားပြီး S10 ထိပြည့်သွားရင်တော့ Hyundai Grand i10 ကား ဆယ်စီးအထိ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းဆော့ပြီးရင်လည်း ရလာတဲ့ လက်ဆောင်ပုံးတွေကနေ MytelPay E-money ဆုတွေ နဲ့ တယ်လီကွန်းဆုကြီးတွေတွေဖြစ်တဲ့ ဒေတာ၊Voice မိနစ်နဲ့ SMS တွေအပြင် Loyalty ပွိုင့် တွေကိုလည်း ချက်ချင်းရရှိနိုင်ဦးမှာဖြစ်ပါတယ်။

ပေးတဲ့ဆုတွေများလွန်းလို့ မှတ်တောင်မမှတ်မိတော့ဘူးမလား။ သေချာမှတ်မိအောင်ပြန်ပြောပြပေးမယ်နော်! ၂၀၀ ကျပ် နှင့်အထက် Data Package ဝယ်၊ တစ်ထောင်နှင့်အထက် ငွေဖြည့်၊ FTTH လစဉ်ကြေးပေးလိုက်တာနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ အထူးဆုတွေပေးအပ်မယ့် My Garawa အစီအစဉ်မှာပါဝင်နိုင်မယ့် ကံစမ်းမဲကုတ်နဲ့ MyGarawa ဂိမ်းကိုဆော့ဖို့ ကစားခွင့်တွေရမယ်။ ဂိမ်းကို သွားပြီး ကစားတဲ့ သူတွေအတွက်တော့ လက်ဆောင်ပုံး တွေ၊ ရွှေရောင်ဆင်းမ်ကတ်တွေ စုပြီး နောက်ထပ်ကား (၁၀) စီးနဲ့ မော်တော်ဆိုင်ကယ်အစီး(၂၀) အထိ ရနိုင်မယ့် အခွင့်အရေးရှိမယ်။  

အစီအစဉ်ရဲ့ ကာလကတော့ ၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ၂၀၂၀ ဒီဇင်ဘာ ၉ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ဖုန်းငွေများများဖြည့် ၊ပက်ကေ့ချ်တွေများများဝယ်၊ ဂိမ်းဆော့ လက်ဆောင်တွေ များများစုပြီး အထူးဆု Hyundai Grand i10 ကား ကို ပိုင်ဆိုင်လိုက်ကြပါစို့။



Share

Loading Next Article...
က္က