အရှုံးအနိုင်ဆိုတာ ရှိမှာဖြစ်ပြီး ပါတီဝင်တွေအနေနဲ့ က သန့်သန့်ရှင်းရှင်းနဲ့သာ ယှဉ်ပြိုင်ကြဖို့ကို ပြောကြားခဲ့တာပါ။

လာမယ့် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ USDP ပါတီဝင်တွေအနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့သာ ယှဉ်ပြိုင်ကြဖို့လိုတယ်လို့ ပါတီဥက္ကဟောင်း အငြိမ်းစားသမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလက နီးကပ်နေပြီဖြစ်သလို အရှုံးအနိုင်ဆိုတာ ရှိမှာဖြစ်ပြီး ပါတီဝင်တွေအနေနဲ့ က သန့်သန့်ရှင်းရှင်းနဲ့သာ ယှဉ်ပြိုင်ကြဖို့ကို ပြောကြားခဲ့တာပါ။



“ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ နိုင်ရင်လည်းဝမ်းမသာနဲ့၊ ရှုံးရင်လည်းဝမ်းမနည်းနဲ့။ တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင် ဘယ်သူပဲလုပ်လုပ် ၊တိုင်းပြည်ကောင်းဖို့ကသာ အဓိကဖြစ်တယ်”လို့ သမ္မဟောင်း ဦးသိန်းစိန်က USDPပါတီထံ ပေးပို့လာတဲ့စာမှာ အခုလိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ရောဂါကူးစက်မှာကို စိုးရိမ်မှုတွေရှိနေကြမှာသိပေမယ့်လည်း ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာလုပ်ဆောင်ဖို့ကိုလည်းပြောကြားထားပါတယ်။ မဲသွားပေးမယ်ဆိုပါကလည်း ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးညွှန်ကြားချက်တွေက်ု စနစ်တကျလိုက်နာကြဖို့ကိုလည်း အသိပေးခဲ့ပါတယ်။

USDP ပါတီဟာ လက်ရှိ အာဏာရပါတီနဲ့ အပြိုင်ယှဉ်ပြိုင်ရမယ့် ပါတီကြီးတစ်ခုပင်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကိုယ်စားလှယ်လောင်း (၁၁၀၀)ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီဥက္ကဌဦးသန်းဌေးအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒုတိယအင်အားအကြီးဆုံးပါတီအဖြစ် လက်ရှိမှာလည်း ပါတီထောက်ခံအားပေးသူတွေအနေနဲ့ ပါတီအင်အားပြလှည့်လည်မှုတွေကိုလည်း စဉ်ဆက်မဖြစ်လုပ်ဆောင်လျှက်ရှိနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က