ကိုဗစ်စည်းမျဉ်းတွေဖောက်ဖျက်လို့ အမှုပေါင်း တစ်သောင်းခွဲနီးပါးကို အရေးယူခဲ့ပါတယ်။

ပြည်သူတွေ အထိတ်တလန့်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းမှားဖြန့်ဝေသူတွေကို အရေးယူခဲ့တဲ့အပြင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီလိုက်နာနေထိုင်ခြင်းမရှိတဲ့သူတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်ခဲ့ရာမှာ အမှုပေါင်း တစ်သောင်းခွဲနီးပါးအထိ ရှိခဲ့တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တတိယအကြိမ် အစည်းအဝေးမှာ ဒုသမ္မတက ပြောကြားခဲ့တာပါ။



ပြည်သူတွေ အထိတ်တလန့်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်နဲ့ အခြားနေရာတွေမှာ သတင်းမှားဖြန့်ဝေနေသူတွေကို အမြန်ဆုံး ‌ဖော်ထုတ်ဖမ်းဆီးခဲ့မှုပေါင်း (၂၆) မှုရှိတဲ့အပြင် COVID-19 ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ မလိုက်နာတဲ့သူတွေကို အရေးယူမှုပေါင်း (၁၄,၅၇၇)မှု ရှိခဲ့တယ်လို့လည်း ဒုတိယသမ္မတဦးမြင့်ဆွေက ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ရှိပါကလည်း အကူအညီပေးနိုင်ရေးနဲ့ ထူးခြားသတင်းတွေ ပေးပို့နိုင်ရေးအတွက် Hot line ဖုန်း(၂)လုံးထားရှိပြီး သက်ဆိုင်ရာဌာနတွေနဲ့ အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရောဂါထိန်းချုပ်နိုင်ရေးအတွက် “စောစောရှာ” Application ဆောင်ရွက်နေတာတွေ၊ ရောဂါဖြစ်ပွားသူတွေနဲ့  ထိတွေ့မှုရှာဖွေခြင်းလုပ်ငန်းစဉ် (Contact Tracing) နဲ့ အချက်အလက်တွေ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေဖို့ (Information Dashboard) စတဲ့ Application တွေ သုံးစွဲနိုင်ဖို့အတွက်လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် အစိုးရအနေနဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အိမ်ထောင်စု(၁)စုလျှင် အခြေခံ စားကုန်(၅)မျိုး အခမဲ့ဖြန့်ဖြူးပေးခဲ့ရာ အိမ်ထောင်စု (၄) သန်းကျော်ကို ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က