ခါရာ့အနေနဲ့ မြန်မာ့ယဥ်ကျေးမှုများကိုလည်း တောင်ကိုရီးယား နိုင်ငံသားများ ပိုမိုသိရှိစေဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Photo : ခါရာ
မင်းသားချောလေး ခါရာက ကိုရီးယား - မြန်မာ သံတမန်ဆက်ဆံရေး (၄၅)နှစ် ပြည့်တဲ့ ဒီနှစ်မှာ ပထမဆုံး ပထမဆုံး ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့် အပ်ခြင်းခံခဲ့ရပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်နေအိမ်မှာ ဒီနေ့ (အောက်တိုဘာ ၂၃ရက်)မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ခါရာက သံတမန်အဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး Duwun ကို အခုလို ပြောပြခဲ့ပါတယ်။
“သံတမန်အဖြစ်နဲ့ ပထမဆုံးလုပ်ဆောင်မှုအနေနဲ့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာနိုင်ငံသားများ ပိုမိုစိတ်ပါဝင်စားလာအောင် အကောင်းဆုံး Promote လုပ်သွားဖို့ရှိပါတယ်။ တိုက်ကွမ်ဒိုက ကိုရီးယားယဉ်ကျေးမှုအားကစား တစ်ခုဖြစ်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ကွမ်ဒိုအားကစားကို စိတ်ပါဝင်စားပြီး အချိန်ယူလေ့ကျင့်နေပါတယ်” လို့ သူက ဆိုပါတယ်။
Photo : ခါရာ
ထို့အပြင် သူ့အနေနဲ့ မြန်မာ့ယဥ်ကျေးမှုမျးကိုလည်း တောင်ကိုရီးယား နိုင်ငံသားများ ပိုမိုသိရှိစေဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
"ရှေ့ဆက်ပြီးလည်း မြန်မာ-တောင်ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေးနဲ့ တောင်ကိုရီးယားယဉ်ကျေးမှုမြှင့် တင်ရေးဆိုင်ရာ လုပ်ငန်းများကို ကြိုးစားအားထုတ်လုပ်ဆောင်သွားရင်း မြန်မာ့ယဉ်ကျေးမှုများကိုလည်း တောင်ကိုရီးယားနိုင်ငံသားများ ပိုမိုသိရှိစေဖို့ ဆတက်ထမ်းပိုးကြိုးစားအားထုတ်သွားပါမယ်"လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပပြုလုပ်မယ့် Asian Academy Creative Award 2020 National Winner ရွေးချယ်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် သရုပ်ဆောင် ခါရာဟာ လောကကြိုးဝိုင်း ဇာတ်လမ်းတွဲနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ကို ရရှိခဲ့ပြီး Grand Final အတွက် ဆန်ခါတင်ရွေးချယ် ခံခဲ့ရပါတယ်။