နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကိုလည်းလွန်ခဲ့တဲ့ ထောင်ပြေးမှုနဲ့ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေးမှုတွေပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲအသုံးစရိတ်မှာ တရားမဝင်ငွေကြေးလက်ခံသုံးစွဲမှုတွေလုပ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ပါတီဖျက်သိမ်းခံခဲ့ရတဲ့ နှင်းဆီပါတီအမတ်လောင်းတွေနဲ့ပါတီဝင်တွေအားလုံး ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)အနိုင်ရရှိစေရန်အတွက် မဲပုံအောပေးသွားဖို့စီစဉ်ထားရှိပါတယ်။ 

တစ်နိုင်ငံလုံးအနေနဲ့ နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမတ်လောင်း(၁,၀၀၀)ကျော်လျာထားခဲ့ပေမယ့် ပါတီဖျက်သိမ်းခံခဲ့ရတဲ့အတွက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆုံးရှုံးခဲ့ရတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ နှင်းဆီပါတီအမတ်လောင်းတွေနဲ့ ပါတီဝင်တွေအားလုံး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနိုင်ရရှိစေရန်အတွက်မဲပေးကြဖို့ ညှိနှိုင်းတိုင်ပင်မှုတွေလုပ်ခဲ့ကြတာလို့ မန္တလေးတိုင်းဒေသကြီးနှင်းဆီပါတီတိုင်းဦးစီး ဦးမျိုးမျိုးအောင်က Duwun ကိုပြောပါတယ်။ "ကျွန်တော်တို့ UDP ပါတီ နှင်းဆီပါတီရဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီဝင်အားလုံးကို USDP ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့အားလုံးညှိနှိုင်းပြီးတော့ပြောထားပြီးပြီ။ မဲအကုန်လုံးကိုကြံ့ခိုင်ရေးကို ပုံအောထည့်ပေးဖို့။ ကြံ့ခိုင်ရေးပါတီနိုင်အောင်ကြိုးစားပေးမယ်"လို့ မန္တလေးတိုင်းဒေသကြီးနှင်းဆီပါတီတိုင်းဦးစီး ဦးမျိုးမျိုးအောင်ကပြောပါတယ်။ 

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်ပြီး ယင်းပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းပယ်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေထံ အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၇) ရက်ညပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်းတွေထဲမှာ တရုတ်နိုင်ငံကတဆင့် တရားမဝင်လွှဲပြောင်းရယူထားတဲ့ ငွေကြေးတွေပါဝင်နေတာကိုသိရပြီး တရားမဝင်ငွေကြေးတွေကို ပါတီလုပ်ငန်းတွေအတွက်လည်း သုံးစွဲထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ဥပဒေအရညှိစွန်းနေတဲ့အတွက် ပါတီကိုဖျက်သိမ်းခဲ့တာပါ။ လက်ရှိမှာတော့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကိုလည်းလွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ထောင်ပြေးမှုနဲ့ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေးမှုတွေပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က