ပိုမိုကောင်းမွန်လာသော အားအမြန်သွင်းစနစ်၊ အဆင့်မြှင့်တင်ထားသော 64MP Camera တို့နှင့် ထုတ်ကုန်အရည်အသွေးပိုင်းတွင် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် TÜV Rheinland ၏စံနှုန်းသတ်မှတ်ချက်ထောက်ခံမှုရရှိထားသော realme 7 series ထုတ်ကုန်သစ်တို့ကို လာမည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး နောက်ထပ်ထူးခြားမှုတစ်ခုအဖြစ် လူငယ်သုံးစွဲသူများ ပိုမိုသဘောကျအသုံးပြုလာကြသည့် realme C series ထုတ်ကုန်သစ်တစ်ခုဖြစ်သော realme C15 ကိုပါထည့်သွင်းမိတ်ဆက်ပေးသွားမည်ဖြစ်သည်။ realme 7 sereis ထုတ်ကုန်များကို ယခုအချိန်တွင် Pre-order အဖြစ် ကြိုတင်မှာယူနိုင်ပြီး အထူးအခွင့်အရေးအဖြစ် ၄သောင်းတန် realme Buds Wireless နှင့် Gift Box တို့ကို ရရှိမည်သည်။ ယခု Pre-order ကြိုတင်မှာယူခြင်းကို အောက်တိုဘာလ ၂၉ရက်နေ့အထိရယူခံစားနိုင်မည်ဖြစ်သည်။
ယခုအသစ်မိတ်ဆက်ပေးမည့် realme 7 series ထုတ်ကုန်များတွင် အသုံးပြုထားသော 64MP ပင်မကင်မရာအရည်အသွေးမှာ အဆင့်မြှင့်တင်ပေးထားသည့် ဒုတိယမျိုးဆက်ဖြစ်ပြီး Sony IMX682 sensor ကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ ထို့အပြင် အရွယ်အစားကြီးမားသော 1/1.73” အရွယ်အစား sensor ကြောင့် 64MP သက်ရောက်မှုတွင် ပိုမိုမြင့်မားသည့် pixel နှင့် အထူးကြည့်လင်ပြတ်သားသောပုံရိပ်များကိုထုတ်ပေးနိုင်စေမည်ဖြစ်သည်။ Quad Bayer နှင့် pixel အရွယ်အစားမှာ 1.6μm အထိထောက်ပံ့ထားခြင်းကြောင့်လည်း နေ့ဘက်အလင်းရောင်ကောင်းသည့်အချိန်တွင်သာမက အလင်းရောင်နည်းပါးသည့် အခြေအနေများတွင်ပါ ကြည်လင်တောက်ပသည့် သဘာဝဆန်သောဓာတ်ပုံများကို ထုတ်ပေးနိုင်စေမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော algorithm တွက်ချက်မှုစနစ်ကို 64MP mode အတွက်မြှင့်တင်ပေးထားခြင်းကြောင့်လည်း ပုံမှန် 2x telescope lens များ၏စွမ်းဆောင်ချက်ထက် Ultra 64MP ရိုက်ချက်များက ကြည်လင်ပြတ်သားမှုအပိုင်းတွင် ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ယခု 64MP Mode တွင် AI mode နှင့် Pro mode တို့ကို မိမိကြိုက်နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်စေပြီး Pro mode တွင် လိုအပ်သည့်ချိန်ညှိပြောင်းလဲမှုများကို မိမိရိုက်ယူလိုသည့်ပုံစံအဖြစ် လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ Nightscape mode တွင် ယခင်ကကဲ့သို့ Standard ပုံစံဖြင့် AI ကအဓိကလုပ်ဆောင်ရိုက်ကူးပေးရုံသာမကဘဲ ထူးခြားသည့် Pro Nightscape Mode ကိုပါအသုံးပြုနိုင်စေမည်ဖြစ်သည့်အတွက် ညအလှဓာတ်ပုံများကို ပိုမိုစမ်းသပ်ရိုက်ကူးချင်သူများအတွက် အသုံးဝင်စေဦးမည်ဖြစ်သည်။
realme 7 series ထုတ်ကုန်များတွင် Quad Camera ကင်မရာ ၄လုံးစနစ်ကိုတပ်ဆင်ပေးထားပြီး 8MP Ultra Wide-angle lens ဖြင့် ၁၁၉ဒီဂရီအထိကျယ်ပြန့်သော မြင်ကွင်းကျယ်ပုံရိပ်များကိုဖန်တီးစေနိုင်သလို အနီးကပ်ရိုက်ချက်များအတွက်လည်း Macro Lens ကိုဆက်လက်ထည့်သွင်းပေးထားသည်။ ထို့အပြင် Retro ဆန်သော အဖြူအမဲပုံရိပ်များဖန်တီးနိုင်စေရန်အတွက်လည်း B&W Portrait Lens ကိုပါထည့်သွင်းတပ်ဆင်ပေးထားခြင်းဖြစ်သည်။
ရှေ့ဘက် Selfie ကင်မရာဖြင့်လည်း 120fps slo-mo video များကိုပါဖန်တီးနိုင်သလို နောက်ဘက်ပင်မကင်မရာဖြင့် လှုပ်ရှားမှုကိုလျှော့ချပေးသည့် UIS စနစ်များ၊ မြင်းကွင်းကျယ် Video များ၊ 4K video များ၊ slo-mo video များကိုလည်း 1080P/120fps နှင့် 720P/240fps နှုန်းတို့ဖြင့်လည်း ရိုက်ကူးနိုင်စေမည်ဖြစ်သည်။
realme C15 ၏အသးစိတ်အချက်အလက်များနှင့် ဈေးနှုန်းတို့ကို realme 7 series မိတ်ဆက်ပေးမည့် အောက်တိုဘာလ ၂၆ရက်နေ့တွင် ထည်သွင်းကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။