လာမယ့် လအနည်းငယ်ဟာ အလွန်ကြမ်းတမ်းမှာဖြစ်ပြီး အချို့နိုင်တွေက အန္တရာယ်ရှိတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေကြတယ်

ကမ္ဘာကြီးက ယခုအခါ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအတွင်း အလွန်အရေးပါတဲ့ လမ်းဆုံလမ်းခွမှာရှိနေပြီး အချို့နိုင်ငံတွေဟာ မနိုင်မနင်းဝန်ပိမှုကြောင့် ကျန်းမာရေးစောင့်‌ရှောက်မှုများ ပြိုလဲနိုင်မှုအလားအလာ ရင်ဆိုင်နေရတဲ့ အန္တရာယ်ရှိ လမ်းကြောင်းပေါ်မှာ ရောက်နေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက ဆိုပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: Reuters)

"ကျွန်တော်တို့က COVID-19 ကပ်ရောဂါကာလမှာ အလွန်အရေးပါတဲ့ လမ်းဆုံကိုရောက်နေပါတယ်၊ အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းမှာပါ၊ လာမယ့် လအနည်းငယ်ဟာ အလွန်ကြမ်းတမ်းလာမှာဖြစ်ပြီး အချို့နိုင်တွေဟာ အန္တရာယ်ရှိတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေကြတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။



ကျွန်တော်တို့က COVID-19 ကပ်ရောဂါကာလမှာ အလွန်အရေးပါတဲ့ လမ်းဆုံကိုရောက်နေပါတယ်၊ အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းမှာပါ၊ လာမယ့် လအနည်းငယ်ဟာ အလွန်ကြမ်းတမ်းလာမှာဖြစ်ပြီး အချို့နိုင်တွေဟာ အန္တရာယ်ရှိတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေကြတယ်

"နောက်ထပ် မလိုလားအပ်တဲ့ သေဆုံးမှုတွေ၊ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြိုလဲခြင်းနဲ့ ကျောင်းတွေ နောက်တစ်ကြိမ် ပိတ်ရခြင်းတို့ မဖြစ်စေရေး ချက်ချင်း ဆောင်ရွက်ကြဖို့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်၊ ဖေဖေါ်ဝါရီလထဲမှာ ကျွန်တော် ပြောခဲ့ပြီး ဒီနေ့ ကျွန်တော် ထပ်ပြောပါတယ် ဒါက လေ့ကျင့်မှုတစ်ခု မဟုတ်ပါဘူး" လို့ WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။

(Photo: Reuters)

နိုင်ငံအများအပြားဟာ ယခုအခါ ကူးစက်မှုတွေ မြင့်တက်လာနေကြောင်း၊ ထိုအခြေအနေက ဆေးရုံတွေနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ လက်ခံနိုင်မှုပြည့်နေ သို့မဟုတ် ကျော်လွန်နေပြီး လက်ရှိ အောက်တိုဘာလထဲမှာပဲ ရှိနေသေးကြောင်း Tedros က ပြောခဲ့ပါတယ်။ ၎င်းက နိုင်ငံတွေဟာ COVID-19 လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ရန် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပါတယ်။

ဖေဖေါ်ဝါရီလထဲမှာ ကျွန်တော် ပြောခဲ့ပြီး ဒီနေ့ ကျွန်တော် ထပ်ပြောပါတယ် ဒါက လေ့ကျင့်မှုတစ်ခု မဟုတ်ပါဘူး

ဗိုင်းရပ်စ်စစ်ဆေးမှု တိုးတက်ကောင်းမွန်စေခြင်း၊ အတည်ပြုလူနာနဲ့ ထိတွေ့သူများကို ခြေရာခံ ရှာဖွေဖော်ထုတ်ခြင်းနဲ့ ထပ်ဆင့် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ရှိသူတွေကို သီးခြားခွဲထားခြင်းတို့ဖြင့် နိုင်ငံတွေဟာ lockdown အမိန့်ထုတ်ရခြင်းကို ရှောင်လွှဲနိုင်မယ်လို့ WHO အကြီးအကဲ က ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က