"ကျွန်တော့်ရဲ့ မဲက နိုင်ငံပြောင်းလဲမှုအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရမယ်ဆိုပြီး ဝမ်းလည်းဝမ်းသာပြီးရင်လည်းခုန်နေပါတယ်” သူက ဆိုပါတယ်။
photo : အိစိကွေး
အသက်(၁၉)နှစ်အရွယ် သရုပ်ဆောင် အိစိကွေးကတော့ နိုဝင်ဘာ(၈) ရက်နေ့မှာ ကျရောက်မယ့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရတေ့ာမှာမို့ အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ သူငယ်စဥ်က လူကြီးတွေ မဲပေးချိန်မှာ မဲဘာလို့ ပေးတာလဲ ဘာကြောင့်ပေးတာလဲဆိုတာ မသိခဲ့ပေမယ့် အခုလို ကိုယ်တိုင် မဲပေးရမယ်ဆိုတဲ့ အချိန်အခါမှ မဲဘာလို့ ပေးသင့်တာလဲဆိုတဲ့ အကြောင်းကို သေချာလေး နာလည်သဘောပေါက်သွားခဲ့တယ်လို့ သူက ဆိုပါတယ်။
“ငယ်ငယ်တုန်းကတော့ လူကြီးတွေပေးတာမြင်တော့ ဘာလို့ပေးတာလဲ သားတို့ရော ပေးလို့မရဘူးလား ဆိုပြီး မေးတာပေ့ါ။ မရသေးဘူး မှတ်ပုံတင်ရပြီ ၁၈ နှစ်ပြည့်ပြီဆိုရင် မဲပေးလို့ရပြီဆိုတာ ပြောခဲ့တာပေ့ါနော် အဲ့တုန်းက မဲ ပေးတာ ဘာကြောင့်လဲ ဘာလို့ပေးတာလဲ ဆိုတာ မသိခဲ့ဘူး အခုတာ့ ကိုယ်ပေးရတော့မယ်ဆိုတဲ့ အချိန်ခါကျတော့ မှ သေချာလေး လေ့လာကြည့်မှ နားလည်သဘောပေါက်သွားတာပေ့ါ။ မဲပေးဖို့ကိုလည်း အရမ်းစိတ်လှုပ်ရှားတယ် မဲလည်းပေးချင်နေပြီ။ မဲတစ်ခုနဲ့လည်း အဆုံးအဖြတ်က အကြီးကြီး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ မဲက နိုင်ငံပြောင်းလဲမှုအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရမယ်ဆိုပြီး ဝမ်းလည်းဝမ်းသာပြီးရင်လည်းခုန်နေပါတယ်” သူက ဆိုပါတယ်။
photo : အိစိကွေး
ပထမဆုံးအကြိမ် မဲပေးရမယ့် သူ့အတွက် မဲပေးဖို့ကို သေချာလေ့လာထားပြီး သူယုံကြည်တဲ့ပါတီကိုပဲ မဲထည့်သွားမှာပါလို့ ဆက်လက်ပြောပြခဲ့ပါတယ်။
“ ကျွန်တော်တို့အခုဆိုတွေ့ရတယ် မဲပေးခါနီးဆိုရင် ပါတီတွေ တော်တော်များများက သူတို့လုပ်ဆောင်မယ့် အချက်အလက်တွေကိုချပြတယ်။ အဲအခါမှာ ဘယ်ဟာကတော့ ဖြစ်နိုင်မဖြစ်နိုင်ဘူး မဲပေးဖို့အတွက် ဆုံးဖြတ်တာပေ့ါကျွန်တော်အအနေနဲ့ ပထမဆုံးမဲပေးတာဆိုတော့ တော်တော်လေး ဂရုစိုက်ရတယ်။ ကျွန်တော်တို့ကနေ စပြီး အလေ့အကျင့်လေး ဖြစ်အောင်လုပ်ရမယ်။ ဒါမှကျွန်တော်တို့ထက် ငယ်တဲ့သူတွေ နောက်လာတဲ့ မျိုးဆက်တွေလည်း မဲပေးတဲ့အခါ နားလည်အောင်ရှင်းပြနိုင်မှာ မဲပေးမယ်ဆိုရင်ဘာတွေ သိသားသင့်တယ်ဆို တာပြောပြထားဖို့လိုတယ်၊အဲဒါကြောင့်အခုကတည်းက သေချာလေ့လာပြီးတော့ မဲပေးဖို့အတွက် ဆုံးဖြတ်ထားတာပါ။ အဲ့ဒါကြောင့် ကျွန်တော်ယုံကြည်တဲ့ပါတီကိုမဲပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ သူက Duwun ကိုပြောပါတယ်။
အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။