Ford ရဲ့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ New Ranger DC XLT 2.2 ကို တော်တော်များများ ရင်းနှီး ကြပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒီ New Ranger DC XLT 2.2 ဟာ လုပ်ငန်းသုံးရော အိမ်စီးအတွက်ပါအဆင်ပြေမယ့် ကားမျိုးလို့ ပြောရမှာပါ။ ဝန်တင်နိုင်အားက 1000kg ဖြစ်ပြီး ပစ္စည်းများများစားစား တင်ဆောင်ဖို့ အတွက် အနောက်ခန်းက နေရာကျယ်ကျယ်အပြင် ခေါင်းခန်းကလည်း ခြေလွတ်လက်လွတ် သက်သောင့်သက်သာထိုင်နိုင်မယ့်အထိ ကျယ်ဝန်းပါသေးတယ်။ ယာဉ်ခေါင်းခန်းပိုင်း မှာ စီးနင်းသူတွေရဲ့ လုံခြုံမှု ပိုမိုကောင်းမွန်စေဖို့ လေအိတ် (၆ အိတ်) ထည့်သွင်းပေးထားပြီး Pressure monitoring နဲ့ အရှိန်နှုန်းတိုင်းတာပေးတဲ့ စနစ်တွေကို ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။
Highway မောင်းနှင်မယ်ဆိုရင်လည်း New Ranger 2019 2.2L TDCi engine ကိုသုံးထားတဲ့အတွက် ဆီစားနှုန်းကိုပိုမိုသက်သာစေပြီး ဆူညံသံသိပ်မထွက်ဘဲ ချောချောမွေ့မွေ့ရှိပါတယ်။ဒါ့အပြင် Twist-beam rear suspension ကိုအသုံးပြုထားတဲ့အတွက်ကြောင့်လမ်းပေါ် မောင်းနှင်နေချိန်အတွင်း ထိန်းချုပ်မှုအား ပိုမိုကောင်းမွန်တယ်လို့ လည်းသိရပါတယ်။ ကြီးမားကျယ်ပြန်တဲ့ ယာဉ်ကိုယ်ထည်နဲ့ အင်ဂျင်ခန်းထဲမှာ Electronic Component တွေကို အပေါ်တင်ထားနိုင်တဲ့ စနစ်ပါရှိတာကြောင့် Off-road လမ်းကြမ်းတွေမောင်းနှင်တဲ့အခါ ထိခိုက်မှုမရှိနိုင်တဲ့ အပြင် ရေထဲကို ဖြတ်ပြီးမောင်းနှင်မယ်ဆိုရင်လည်း ရေအနက် 800mm ထိ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။
New Ranger DC XLT 2.2 အပါအဝင် Ford က ထုတ်လုပ်တဲ့ Ranger Series တွေဟာ ၂၀၁၉ခုနှစ်အတွက် လူထု ရွေးချယ် ဝယ်ယူမှုအများဆုံး ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး UK မှာ ရောင်းအကောင်းဆုံး စာရင်းလည်း ဝင်ခဲ့ပါတယ်။ အချုပ်အနေနဲ့ ပြောရရင် ကိုယ်ပိုင်ကားနဲ့ နိုင်ငံအနှံ့ပတ် ခရီးထွက်တတ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းအုပ်စုတွေအနေနဲ့ရော လုပ်ငန်းသုံးဖို့ အတွက် ကားလိုနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ရော ဒီ Ford New Ranger DC XLT 2.2 2019 Double Cab ဟာ ရွေးချယ်ဖို့ အသင့်တော်ဆုံး ကားတစ်စီးဖြစ်ပါတယ်။