အသက်ကြီးလာတဲ့ အခါ သူမရဲ့ စိတ်ကူးလေးတွေပါတဲ့။

ခရီးသွားရတာကို နှစ်သက်လွန်းတဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ အသက်အရွယ်ကြီးလာတဲ့ အချိန်မှာ သူမရဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်တဲ့ ဆန္ဒလေးကို ပြောပြထားပါတယ်။ 

Photo: Moe Hay Ko



မိုးဟေကို ကတော့ အသက်အရွယ်ကြီးလာတဲ့ အချိန်မှာ သူ စိတ်ကူးထားတဲ့ အရာလေးကို ပြောပြလာပါတယ်။ သူမ အနေနဲ့ တောင်ကုန်းလေး အနားမှာ နေထိုင်ရင်း နေဝင်ချိန်တွေ၊ ညနေစောင်းတွေကို ဖြတ်သန်းသွားချင်တယ်လို့ ဆိုပါတယ်။ 

" မိုးမှာ စိတ်ကူးလေးတစ်ခုရှိတယ်။ အသက်ကြီးလာရင် တောင်ကုန်းလေးနားမှာ အေးအေးချမ်းချမ်းလေး နေချင်တယ်။ ညနေဆို တောင်ကုန်းနား လမ်းလျှောက်ရင်း အခုလို ခုံတန်းလျားလေးပေါ်မှာ နေဝင်ချိန်ကို ငေးကြည့်မယ်။ အရမ်းများ စိတ်ကူးယဉ်မိသွားတာလား။ ရှင်တို့လေးတွေရော အသက်တွေကြီးလာရင် ဘယ်လိုလေးနေချင်တယ်ဆိုတဲ့ စိတ်ကူးလေးတွေရှိရင် မိုးကို ပြောပြခဲ့ကြပါဦး" ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Hay Ko

ခရီးသွားရတာကို နှစ်သက်တဲ့ သူမအနေနဲ့ အရင်တုန်းက ခရီးသွားခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်တင်ရင်း သူမရဲ့ စိတ်ကူးလေးတွေကို ရေးသားလေ့ရှိပါတယ်။ လက်ရှိ Covid ကာလမှာတော့ မိုးဟေကိုက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို ဂရုတစိုက် ပြုစုပေးနေရင်း အိမ်ထဲမှာပဲ နေတယ်လို့ သိရပါတယ်။ 

" အခုတော့ အိမ်မှာနေကြအုန်းနော် ကူးစက်မှုတွေက အရမ်းမလျော့သွားသေးဘူး။ မိုး ခါတိုင်း မှာနေကြလိုပဲ မဖြစ်မနေကို အပြင်ထွက်ရမယ်ဆိုရင် Mask တပ်ပါ။ ပြီးတော့ လူတွေအများကြီးကြားထဲ လျှောက်မသွားရဘူးနော်" လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က