ချောင်းလမုကျေးရွာအုပ်စုဝင် ကင်းမွန်သာရွာဟာ တနင်္သာရီတိုင်းထဲကနေ တိုက်ရိုက်သွားရောက်လို့မရဘဲ ထိုင်းနိုင်ငံဘက်ကမှတစ်ဆင့် ပြန်လည်သွားရောက်ရတဲ့ ဒေသဖြစ်ပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စုက ရွာတစ်ရွာကို ရွေးကောက်ပွဲကျင်းပမယ့် စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကသိရပါတယ်။



အဲ့ဒီချောင်းလမုကျေးရွာအုပ်စုဝင် ကင်းမွန်သာရွာဟာ တနင်္သာရီတိုင်းထဲကနေ တိုက်ရိုက်သွားရောက်လို့မရဘဲ ထိုင်းနိုင်ငံဘက်ကမှတစ်ဆင့် ပြန်လည်သွားရောက်ရတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် ခုကိုဗစ် ဒုတိယလှိုင်းမှာ ထိုင်းဘက်ကနေ ပိတ်လိုက်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း စာရင်းကနေ ဖျက်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

 “ ချောင်းလမုကျေးရွာအုပ်စုရဲ့ မဲရုံတစ်ရုံတည်းပါ။ အကြောင်းကတော့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတော့လို့ပါ။ အဲ့ဒီရွာက ဟိုးအရင်ထဲကရှိခဲ့တဲ့ရွာမဟုတ်ဘူး ၊ ဒီဘက်ခေတ်မှာမှ တည်ခဲ့တဲ့ရွာပေါ့။ နေထိုင်တဲ့လူတွေကတော့ အရင် မွန်လက်နက်ကိုင်အဖွဲ့ကလူတွေပေါ့ ။သူတို့နေထိုင်စားသောက်ကြတာ။ငြိမ်းချမ်းရေးတို့ဘာတို့ရှုပ်ရှုပ်ယှက်ယှက်အဖွဲ့လည်းမဟုတ်ဘူး။ ဘုံမျိုးစုတွေ စုပြီး ရွာတည်ထားတာ။ ပထမအကြိမ်မဲစာရင်းအထိကြေညာခဲ့ပြီးသား”လို့ တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲရဲ့အတွင်းရေးမှူးဖြစ်သူ ဦးလိန်လင်းကိုကပြောပါတယ်။

အဆိုပါ ကင်းမွန်သာရွာမှာဆိုရင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၇၅၀ ကျော်ရှိပြီး နေထိုင်ကြတဲ့သူတွေက မွန်တိုင်းရင်းသားတွေများတယ်လို့ သိရပါတယ်။အဲ့ဒီရွာသားတွေဟာ သူတို့ရဲ့ လူမှုရေးစီးပွားရေး၊စတဲ့အခြေခံကိစ္စအားလုံးကို ထိုင်းနိုင်ငံဘက်ကို သွားရောက်လုပ်ကိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။

အခုလို ရွေးကောက်ပွဲကျင်းပနိုင်မယ့် စာရင်းကနေ ပ ယ်ဖျက်လိုက်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြခဲ့ရာ ၊ UEC ဘက်မှ ခွင့်ပြုကြောင်း ရုံးလုပ်ထုံးလုပ်နည်းအရ ပြန်လည်အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ တနင်္သာရီ မြို့နယ်မှာတော့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၇၀၀၀၀ ကျော်ရှိပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က