ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ခွင့်ပြုကြောင်း ကြေညာခဲ့တာပါ။

ကိုဗစ်ကူးစက်မှုတွေကိုထိန်းချုပ်နိုင်ရန် လူ (၃၀) ဦးဖြစ်စေ၊ လူ (၃၀) ဦးထက်ပိုပြီးဖြစ်စေ စုဝေးခြင်းမပြုဖို့အမိန့်ထုတ်ထားရာမှာ  ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာတော့ လူ (၃၀) ဦးထက်ပိုပြီး စုဝေးခွင့်ရမယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ (၈) ရက်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ဆိုပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ဖို့ လူ (၃၀) ဦးထက်ပိုပြီး ခွင့်ပြုလိုက်ကြောင်း ဒီနေ့ အောက်တိုဘာ (၂၅) ရက်ညပိုင်းက ကြေညာခဲ့တာလည်းဖြစ်ပါတယ်။



ဒါ့အပြင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် Stay Home သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေသွားရောက်ခြင်းကိုလည်း ခွင့်ပြုလိုက်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Stay Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ ကြိုတင်ဆန္ဒမဲပေးရမယ့် နေရာတွေကို သွားရောက်တာ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို သွားရောက်တာတွေအတွက် ခြွင်းချက်နဲ့သွားလာခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် Stay Home သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံး (ကိုကိုးကျွန်းမပါ)၊ မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ဘီးလင်း၊ မန္တလေးတိုင်းအတွင်းက မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူးတိုင်းအတွင်းက ကဝမြို့နယ်၊ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းအတွင်းက ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်၊ ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်အတွင်း မှာနေထိုင်ကြသူတွေဟာ မဲပေးဖို့အတွက် မဲရုံတွေကို သွားလာခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က