အားလုံးက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

ဦးကျော်သူကတော့ " N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ" ဆိုပြီးတော့ ပရိသတ်ကို ဝမ်းသာစရာကောင်းတဲ့ သတင်းလေးပြောပြလာပါတယ်။ 

Photo: Kyaw Thu



ဦးကျော်သူကတော့ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဘာဂီ မှာ အောက်တိုဘာလ (၂၁) ရက်နေ့ ကတည်းက ဆေးကုသမှု ခံယူခဲ့တာပါ။ အခုဆိုရင်တော့ သူ့ရဲ့ ပထမဆုံး ဆေးစစ်ချက်အဖြေဟာ Negative အဖြေ ထွက်လာပြီလို့ ဝမ်းသာ အားရ ပြောပြလာပါတယ်။

" N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး "N" ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် ... ငါ ဒါလေးရေးပေးလိုက် တယ်။ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့ ၊ မပေါ့ကြနဲ့။ လွတ်လပ်ပြီဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလိုဖြစ်ကုန်မယ်။ သတိ! အသိ! အမြဲ ရှိ! ကျော်သူ( ခေတ္တ ဝေဘာဂီ)" ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ (၅) နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူဟာ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ ရှိတဲ့အတွက် ကိုဗစ်ရောဂါ ကူးစက်ခွလိုက်ရတဲ့ သူ့ကို နာရေးကူညီမှု အသင်းသားတွေ၊ ပရိသတ်တွေကလည်း စိုးရိမ်နေခဲ့ကြတာပါ။ အခုဆိုရင်တော့ သူ့ရဲ့ ဆေးစစ်ချက် အဖြေမှာ Negative ဖြစ်တဲ့ အတွက် မိသားစုဝင်တွေ၊ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကလည်း ဦးကျော်သူအတွက် ဝမ်းသာပီတိဖြစ်ရတယ်ဆိုတာကို Comment မှာ ရေးသားခဲ့ကြပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က