ဧပြီလကတည်းက စတင်ရပ်နားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာခရီးသည်တင်လေယာဥ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကိုထပ်မံသက်တမ်းတိုး ကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၆ ရက်ညက ထုတ်ပြန်လိုက်ပါတယ်။



နိုင်ငံတကာခရီးသည်တင်လေယာဥ်များ မြန်မာနိုင်ငံသို ပျံသန်းဆင်းသက်ခြင်းကို ကန့်သတ်မှုအား အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုနောက်ထပ် တစ်လ ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။

"ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရေးနှင့် နိုင်ငံတော်နှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၏ အမှန်တကယ် လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် Temporary Measures (နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဥ်များ ယာယီကန့်သတ်ခြင်း) သက်ရောက်မှုကာလကို (၃၀-၁၁-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃း၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံတကာခရီးသည်တင်ခရီးစဉ်များ ရပ်နားကြောင်း ပထမဆုံးအနေနဲ့ မတ်လ ၂၉ရက်နေ့ မှာ စတင်ကြေညာခဲ့ပြီးနောက် ဧပြီ ၁၂ရက်နေ့မှာတစ်ကြိမ်၊ဧပြီ ၂၄မှာတစ်ကြိမ်၊မေ ၁၄နဲ့ မေ၂၉မှာတစ်ကြိမ် စသဖြင့်ထုတ်ပြန်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ရပ်နားထားမှုကို သက်တမ်းတိုးလုပ်ဆောင်ခဲ့ကာ အခုဆိုရင် ကန့်သတ်မှုက ၇ လအထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဥ်များကို ကန့်သတ်ထားပေမဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်နဲ့ ပြန်လည်ခေါ်ဆောင်မှုတွေကိုတော့ ယခုအချိန်အထိ ပြုလုပ်နေဆဲဖြစ်ပါတယ်။ 

အောက်တိုဘာလ ၂၅ ရက်နေ့ တစ်ရက်တည်းတင်ပဲ ပြည်ပမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားများနဲ့ မြန်မာသင်္ဘောသားများ စုစုပေါင်း ၂၅၇ ဦးကို ခေါ်ဆောင်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Share

Loading Next Article...
က္က