Entry-level တန်းဝင် OnePlus ရဲ့ ဈေးအနည်းဆုံး Nord စီးရီး ဖုန်းသစ်တစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
OnePlus Nord N100 ဟာ OnePlus Nord N10 5G နဲ့အတူ မိတ်ဆက်လိုက်တာ ဖြစ်ပြီး ဖုန်းနှစ်မျိုးစလုံးဟာ ဒီဇိုင်းချင်း တစ်ပုံစံတည်း ထွက်ထားတာပါ။ မတူတာက OnePlus Nord N100 ဟာ ဈေးထက်ဝက်နီးပါးသက်သာတဲ့ 4G ဗားရှင်းနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ OnePlus Nord N10 5G လိုပဲ LCD display အမျိုးအစားနဲ့ လာပြီး resolution အနေနဲ့ HD+ ပဲ ပါရှိတာပါ။
Photo: NDTV Gadgets 360
punch-hole screen ဒီဇိုင်း သုံးထားပြီး မျက်နှာပြင်အရွယ်အစား ၆.၅၂ လက်မ ပါရှိပါတယ်။ display ကိုလည်း Gorilla Glass 3 မှန်အုပ်ထားပြီး ပုံမှန် refresh rate ပဲ သုံးထားပါတယ်။ dual stereo စပီကာတွေ ပါရှိပြီး fingerprint reader ကိုလည်း ကျောဘက်မှာ တပ်ဆင်ထားပါတယ်။
5000 mAh အကြီးစားဘက်ထရီ သုံးထားပြီး အားသွင်းမှုအနေနဲ့ 18W charging အထိ ရမယ်လို့ ဆိုပါတယ်။ 3.5mm headphone jack ထည့်ပေးထားလို့ Wired headphone နဲ့ သီချင်းနားထေင်လို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာ 8MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ သုံးလုံးတွဲ ကင်မရာစနစ် သုံးထားပါတယ်။
Photo: kimovil
ကင်မရာအနေနဲ့ 13MP primary sensor နဲ့အတူ bokeh lens နဲ့ macro shooter တို့ တွဲသုံးထားပါတယ်။ processor ဟာ Snapdragon 460 SoC ဖြစ်ပြီး RAM 4GB/64GB storage နဲ့ လာပါတယ်။ storage ထပ်တိုးဖို့အတွက်လည်း microSD card slot တစ်ခု ထည့်သွင်းထားပါတယ်။
Android 10 ကို အခြေခံထားတဲ့ OxygenOS 10.5 နဲ့ လာပြီး ဥရောဈေးကွက်ထဲ ယူရို ၂၀၀ (မြန်မာငွေ ၃ သိန်း ဝန်းကျင်) ဈေးနဲ့ ဝင်ရောက်မှာ ဖြစ်ပါတယ်။