ကြိုက်ရာခေါ်” အစီအစဉ်ဆိုတာကတော့ MPT သုံးစွဲသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဘယ်ပြည်တွင်းဖုန်းလိုင်းကိုမဆို စျေးနှုန်းသက်သာစွာ ခေါ်ဆိုနိုင်မယ့် မိနစ်ပေါင်း (၉၂)မိနစ်နဲ့ မိနစ် (၁၉၀) ပါရှိမယ့် Package တွေပဲ ဖြစ်ပြီး စျေးနှုန်းတွေကတော့ (၉၉၇)ကျပ်နဲ့ (၁၉၉၇) ကျပ် ဆိုပြီး ကျသင့်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းက ဦးဆောင်နေတဲ့ MPT ဟာ  “ကြိုက်ရာခေါ်” အစီအစဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက မိတ်ဆက်ခဲ့ပါတယ်။ MPT-KSGM Joint Operations (JO) ရဲ့ (၇)နှစ်မြောက်ကိုရောက်ရှိတဲ့ မှတ်တိုင်သစ်ကို စိုက်ထူနိုင်တဲ့ အထိမ်းအမှတ်နဲ့ ဒီလို စိတ်လှုပ်ရှားစရာ အထူး ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“ကြိုက်ရာခေါ်” အစီအစဉ်ဆိုတာကတော့ MPT သုံးစွဲသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဘယ်ပြည်တွင်းဖုန်းလိုင်းကိုမဆို စျေးနှုန်းသက်သာစွာ ခေါ်ဆိုနိုင်မယ့် မိနစ်ပေါင်း (၉၂)မိနစ်နဲ့ မိနစ် (၁၉၀) ပါရှိမယ့် Package တွေပဲ ဖြစ်ပြီး စျေးနှုန်းတွေကတော့ (၉၉၇)ကျပ်နဲ့ (၁၉၉၇) ကျပ် ဆိုပြီး ကျသင့်မှာ ဖြစ်ပါတယ်။ Package တွေရဲ့ သက်တမ်းတွေကတော့ (၁၅)ရက်နဲ့ ရက် (၃၀) နှစ်မျိုး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ ကုန်သွယ်ခွန် ပါရှိပြီးသား ဒီ “ကြိုက်ရာခေါ်” Package တွေကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ *997*1# နဲ့ *997*2# တို့ကို ခေါ်ဆိုပြီး အလွယ်တကူဝယ်ယူနိုင်ပါတယ်။  “ကြိုက်ရာခေါ်” Package တွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ MPT ရဲ့ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားတဲ့ GSM/WCDMA Prepaid/Postpaid နှင့် Base Tariff အစီအစဉ် တစ်ခုခု ရယူထားဖို့ လိုအပ်ပါတယ်။

MPT သုံးစွဲသူတွေအတွက် စျေးနှုန်းသက်သက်သာသာနဲ့ ကြိုက်ရာ ပြည်တွင်းဖုန်းလိုင်းတွေကိုခေါ်ဆို နိုင်အောင် MPT က အခုလို “ကြိုက်ရာခေါ်” Package ကို ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် “ကြိုက်ရာခေါ်” Package ရဲ့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဝန်ဆောင်မှုကတော့ ကိုယ်ဝယ်ယူထားတဲ့ “ကြိုက်ရာခေါ်” Package ကုန်ဆုံး ပြီး (၇)ရက်အတွင်း Package အသစ်ဝယ်ယူမယ်ဆိုရင်ကျန်ရှိနေတဲ့ လက်ကျန်မိနစ်တွေကို Package အသစ်မှာ ပေါင်းစည်းသယ်ဆောင်နိုင်ပြီး ဆက်လက် အသုံးပြုနိုင်ဦးမှာပါ။

“ကြိုက်ရာခေါ်” Package ကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်ရဲ့ မူလမိနစ်တွေ ကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်တဲ့အပြင် အရှည်ဆုံး ပက်ကေ့ချ်ရဲ့ သက်တမ်းအတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ကျန်ပမာဏတွေကို သိချင်တယ်ဆိုရင်တော့ *224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတစ်ဆင့် လည်းကောင်း စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“ကြိုက်ရာခေါ်” Package ကို ဝယ်ယူဖို့ အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ USSD ကုဒ် တွေအပြင် MPT4U App ပေါ်မှာလည်း ဝယ်ယူနိုင်ပါတယ်။ MPT4U App ကို https://bit.ly/35y4Lsr ကနေတစ်ဆင့် အခမဲ့ download ရယူနိုင်ပါတယ်။ “ကြိုက်ရာခေါ်” Package ကို MPT4U App ကနေ ဝယ်ယူပြီး ထိပေါက်ဂိမ်းတွေဆော့ရင်း ဒေတာဆုတွေလည်း ကံစမ်းလို့ရနိုင်ပါတယ်။ ဒါကြောင့် စျေးနှုန်းလည်းသက်သာပြီး ဒေတာဆုတွေပါ ကံစမ်းနိုင်မယ့် ဒီအစီအစဉ်ကို အသုံးပြုသင့်ပါတယ်နော်။


MPT ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်သိရှိလိုတယ်ဆိုရင် Hotline ဖုန်းနံပါတ် 106 ကို ခေါ်ဆိုတာ ဒါမှမဟုတ်၊ MPT ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mpt.com.mm သို့မဟုတ် တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့ www.facebook.com/mptofficialpage ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။


Share

Loading Next Article...
က္က