ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်။

မြတ်နိုးအေးကတော့ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သတင်းကောင်းလေး (၂) ခုကို ပြောပြလာပါတယ်။ 

Photo: Myat Noe Aye



မြတ်နိုးအေးကတော့ အောက်တိုဘာလ (၂၂) ရက်နေ့တုန်းက သူ့ရဲ့ မိသားစုဝင်တွေဆီမှာ ကိုဗစ်ပိုး တွေ့ရှိတာကြောင့် သူမကိုယ်တိုင်လည်း အဲဒီနေ့မှာ Hotel Quarantine ဝင်ခဲ့ပါတယ်။ အောက်တိုဘာလ (၂၅) ရက်နေ့မှာ swab စစ်ခဲ့တာဖြစ်ပြီး ဒီနေ့ ( အောက်တိုဘာလ ၂၇ ရက်) မှာတော့ ဆေးစစ်ချက် အဖြေဟာ Negative အဖြေထွက်လာပြီဆိုတာကို ပရိသတ်တွေ သိအောင် ဝမ်းသာအားရပြောပြခဲ့ပါတယ်။ 

" Two good news for my NOELS Noels တွေအတွက် သတင်းကောင်း(၂)ခုကတော့ မြတ်နိုးရဲ့ page လေး blue mark ရသွားတဲ့အကြောင်းရယ်။ မြတ်နိုး covid swab test စစ်ပြီးလို့ အဖြေ "NEGATIVE " ထွက်တဲ့ အကြောင်းရယ်ပါ။ ကျန်တဲ့ မိသားစုဝင်တွေ အားလုံးလည်း ကျန်းကျန်းမာမာရှိနေပါတယ်!အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော်" ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ (၃) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ မြတ်နိုးအေးကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Myat Noe Aye

မြတ်နိုးအေးကိုတော့ “ည” ရုပ်ရှင်ဇာတ်ကား ကနေ စတင်ပြီး ပရိသတ်တွေ အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမို ပိုင်ဆိုင်လာခဲ့သူဖြစ်ပါတယ်။ ရိုက်ကူးလက်စဖြစ်နေတဲ့ " လိပ်ပြာ (Season-2)" မှာတော့ သူမကို မှုခင်းဆရာဝန်မလေး တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ မြတ်နိုးအေးဟာ တက်သစ်စ လူငယ်အနုပညာရှင်တွေ ထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က