ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နဲ့ နိုင်ငံရေးပါတီများက တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ကြေညာထားတဲ့ နယ်မြေတွေထဲက (၄) နေရာကို ကျင်းပနိုင်ဖို့ ပြန်လည်တင်ပြမှာဖြစ်တယ်လို့ ရခိုင်ပြည်ယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နေရာတွေအဖြစ် စစ်တွေမြို့နယ် ၊ မောင်တောမြို့နယ် ၊ တောင်ကုတ်မြို့နယ်တို့က ကျေးရွာအုပ်စုအချို့နဲ့ ပေါက်တောမြို့နယ်တစ်ခုလုံးကို ပြန်လည်တင်ပြမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နဲ့ နိုင်ငံရေးပါတီများက တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ရခိုင်အမျိုးသားပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ် (၉) မြို့နယ်ကို ရွေးကောက်ပွဲမကျင်းနိုင်ဘူးလို့ ကြေညာထားတဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ ပြည်နယ်ကော်မရှင်ကို တင်ထားရှိတယ်။ အဲဒါကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက်တင်ပြဖို့ဆောင်ရွက်နေတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု (၄) စု၊ ပေါက်တောမြို့နယ် တစ်ခုလုံး၊ မောင်တောမြို့နယ် တောင်ဘက်ပိုင်းနှင့် တောင်ကုတ်မြို့နယ်က ရပ်ကွက်/ ကျေးရွာအုပ်စု (၈) စု တို့ဖြစ်ပါတယ် “ လို့ ရခိုင်ပြည်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

ဒီဆွေးနွေးတင်ပြချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်လက်စောင့်ဆိုင်းနေရမှာဖြစ်ပြီး ငါးနှစ်တစ်ကြိမ်ရရှိတဲ့ နိုင်ငံသားအခွင့်အရေးကို တန်းတူညီမျှရသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူက ပြောပါတယ်။

“ ဘယ်လိုဖြစ်လာမယ်ဆိုတာ အတိအကျတော့ မပြောနိုင်ဘူး ။ ငါးနှစ်တစ်ကြိမ်လုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းအခွင့်အရေးကို တန်းတူညီမျှရသင့်တာပေါ့ ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက တင်ပြခဲ့တာဖြစ်တယ် ။ ကျွန်တော်တို့က အာဏာရှိတဲ့အဖွဲ့အစည်းမဟုတ်ဘူး နိုင်ငံရေးပါတီပဲ ဖြစ်တယ် ။ အဲဒါကြောင့် အာဏာရှိတဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်မယ် ။ ဒီနေ့ ရခိုင်ပြည်နယ်က တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ အခြားတိုင်းနဲ့ပြည်နယ်နဲ့ မတူဘူး ။ အကြပ်အတည်းအများကြီးရှိတယ် ။ လက်နက်ကိုင် ပဋိပက္ခကြောင့် လူဦးရေ ၂သိန်းခွဲလောက် စစ်ဘေးရှောင်စခန်းရောက်နေကြရတယ် ။ ကိုဗစ်ရောဂါကြောင့် မသွားလာရကန့်သတ်မှုကြောင့် စီးပွားရေးယိုင်နဲ့မှုတွေ ၊ အင်တာနက်လည်းမရသေးဘူး ။ အဲဒီလိုအခြေအနေမှာ မိမိရသင့်တဲ့အခွင့်အရေးကို အဖိနှိပ်ခံထားရတဲ့ အခြေအနေမျိုးတွေ ၊ လွတ်လပ်တဲ့ဘဝတစ်ခုကို ထူထောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လွှတ်တော်ကနေတင်ပြဖို့ ဆုံးရှုံးမှာက ပြည်သူတွေပဲ ၊ နိုင်ငံရေးပါတီအနေနဲ့က ဒီလောက် ထိခိုက်နစ်နာစရာမရှိဘူး ။ ဒီလိုသာ ရွေးကောက်ပွဲမလုပ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဆုံးရှုံးမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဆုံးရှုံးမှုက ကျယ်ပြန့်ကြီးမားမှာ ဖြစ်တယ် “ လို့ ရခိုင်အမျိုးသားပါတီ ၊ စစ်တွေမြို့နယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ပြည်သူ ဆယ့်ခြောက်သိန်းကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပတဲ့ (၉) မြို့နယ်ကြောင့် မဲပေးပိုင်ခွင့်မရရှိတဲ့အတွက် မဲဆန္ဒရှင် ဆယ်သိန်းနီးပါး မဲပေးခွင့် ဆုံးရှုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က