ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း (၃၈၉) ရွာ ရှိတဲ့အနက် (၉၄) ရွာမှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တာပါ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း (၉၄) ခုကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတာကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာ (၂၇) ရက်ညပိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပလက်ဝမြို့နယ်အတွင်းက တမန်းသား၊ ရုပ်ဝ၊တွီကင်းဝှ၊ဘောင်ပီး၊ ပိန္နဲတပင်၊ ငရှား၊ ငဒက်၊ ကျီးလေ၊ ကြွေသောင်၊ ကွမ်းချောင်းဝ၊ပြင်ငူ၊ တွီဆီးဝ၊ မြောင်းချောင်း၊ ငတိန်း၊ ဒလက်မေ၊ အောက်ဘလိုင်၊ တုတ်ကြေးဝ၊ကုန်းတော်၊ တရွန်အိုင်၊ ဇဉ်ဘောင်းပြင်၊ ရှင်မဒိန်ဝ၊ သာယာကုန်း၊ ယင်ခံဝ၊ မီးဇာ၊စက်ပစ်ပြင်၊ အထက်သဲမဝ၊ အထက်ဘလိုင်၊ ကွမ်းတောင်၊ ဆတ်ချိုင်၊ ရွှေလိုက်ဝ၊ ဆင်အိုးဝ၊ ရှာအို၊ပါရာ၊ ပတိန်တလန်၊ ဝါးရုံ၊ မအူ၊ မြိတ်ဝ၊ ပကာဝ၊မော်တလာ၊ ရွှေလိုင်ပွီ၊ အုန်းသီး၀ စတဲ့ကျေးရွာအုပ်စုတွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။



ဒါ့အပြင် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ကျေးရွာတွေထဲမှာ ဒူရီတောင်၊ ကုန်ပြင်၊ မွန်ထောင့်၊ စိမ့်စင်းဝ၊ လယ်လှ၊ အောက်သဲမဝ၊နှမဒါ၊ အဘောင်သား၊ ကန့်လာဝ၊ ခဝဲ၊ ရပ်ချောင်း၊ဘဲဒုံ၊ ဖတ်ချောင်းဝ၊ ယီးလာဝ၊ ပါမောင်၊ ကြက်မအိုင်၊ လိပ်ချောင်းဝ၊ တင်းဘုန်း၊ ဝါတိန်၊ဝက်မ၊ ဆားဝ၊ ဘောင်ကုန်း၊ကနောင်၊ ပျဉ်ဝ၊ စင်ကီတောင်၊ ကယက်၊ အာကီကုန်း၊ ဒီလောင်ကုန်း၊ တိုင်ဝ၊ မီးချောင်းဘားဝ၊ တွီဆော့ကုန်း၊ ဝါဒိုင်ကုန်း၊ လောင်ယော်ကုန်း၊ စင်လီ၊ သံထောင်၊ ကိုဖေရှေ၊ အလယ်ဒိန်ကင်း၊ခိုက်ခါ၊ အပ်စ၊ ထိန်းခေါင်း၊ ချိုင်းစနူး၊ မှုံတနူး၊ ထိုးနှုး၊ ခန်တို၊ ဂါရာပြင်၊ လန်ဒန်၊ ခွေးခေါင်း၊ ခါအိမ်၊ တပ်ချောင်း၊ ဝန်ချောင်းဝ၊ မောက်ချောင်းဝ၊ ကောက်စဉ်၊ မောစုန်ကြီးစတဲ့ ရွာတွေလည်း ပါဝင်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း (၃၈၉) ရွာ ရှိတဲ့အနက် (၉၄) ရွာမှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပုဒ်မ ၁၀ (စ) အရ ထုတ်ပြန်ကြေညာကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်ကို ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ကနဦး ကြေညာထားခဲ့ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ (၂၀) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်းပွဲမှာ တော့ ပလက်ဝမြို့နယ်ကို ရွေးကောက်ပွဲကျင်းပသင့်/မသင့် ပြန်လည်သုံးသပ်မယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ ဖျက်သိမ်းကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ယခင် ရွေးကောက်ပွဲဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်၊ကွမ်းလုံမြို့နယ်တို့က ကျေးရွာ (၁) ခုစီ နဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာ (၃) ခုနဲ့ အမ်းမြို့နယ်က ကျေးရွာ (၃) ခုတို့မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့လည်း ကော်မရှင်က ဒီနေ့မှာပဲ ထပ်မံကြေညာထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က