Samsung Display ဟာ Huawei နဲ့ ကူးသန်းရောင်းဝယ်မှုလုပ်ဖို့ အမေရိကန်အစိုးရဆီက လိုင်စင်ရထားတယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် Huawei ဟာ စက်တင်ဘာ ၁၅ ရက်နေ့က စပြီး Samsung Display နဲ့ LG Display တို့ဆီက panel မှာယူခွင့် ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံနေတာပါ။ Reuters နဲ့ The Elec သတင်းတွေမှာတော့ Samsung Display ဟာ Huawei ကို panel တချို့ ရောင်းချဖို့ လိုင်စင်ဝယ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: DxOMark
လိုင်စင်ဝယ်ပြီးပြီ ဆိုပေမယ့် Samsung အနေနဲ့ Huawei ကို displays တွေ တကယ်တင်ပို့လို့ ရပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုအရ supply chain မှာ ပါတဲ့ ကုမ္ပဏီအားလုံးဟာ အစိုးရဆီက လိုင်စင်လိုအပ်တာကြောင့် ဖြစ်ပါတယ်။
display အတွက် သုံးတဲ့ driver နဲ့ touch ICs တွေအတွက်လည်း ပြဿနာရှိနိုင်ပါတယ်။ ဒီထုတ်ကုန်နဲ့ နည်းပညာတွေကို ARM က ဒီဇိုင်း ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Huawei နဲ့ Samsung တို့ကတော့ မှတ်ချက်ချပြောကြားခြင်း မရှိပါဘူး။ LG Display နဲ့ chip maker တစ်ခု ဖြစ်တဲ့ SK Hynix တို့ကတော့ လိုင်စင်မရသေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ချပ်စ်ကုမ္ပဏီ Qualcomm ဟာလည်း Huawei နဲ့ စီးပွားရေးလုပ်နိုင်ဖို့ လိုင်စင်လျှောက်ထားပေမယ့် မရသေးဘူးလို့လည်း သိရပါတယ်။ Microsoft ၊ Intel နဲ့ AMD တို့ကတော့ လိုင်စင်ရထားတယ်လို့ ဆိုပါတယ်။ လောလောဆယ် panel အတွက် Huawei ဟာ တရုတ်နိုင်ငံက display maker တစ်ခု ဖြစ်တဲ့ BOE ဆီက မှာယူနိုင်မှာ ဖြစ်ပါတယ်။