ဇာတ်လမ်းတွဲမင်းသမီးချောလေး မုဏ်း ကတော့ သူ့ရဲ့ မွေးနေ့ အလှူကို ရန်ကုန်ဆေးရုံကြီး၊ သ.စ.အ ဓမ္မာစရိယ(အဘိဝံသ) ဘွဲ့ရ စာချအကျော် ဆရာတော်ကြီးများ နဲ့ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတဲ့ မိသားစုတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။
Photo: Mone
သရုပ်ဆောင် မုဏ်းကတော့ အောက်တိုဘာလ (၂၇) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့လေးကို အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းခဲ့တာပါ။ သူ့ရဲ့ အလှူလေးအတွက် ပရိသတ်တွေက သာဓု ခေါ်ဆိုပေးခဲ့ကြပါတယ်။
" ဒီနှစ်မွေးနေ့အလှူအဖြစ် ရန်ကုန်ဆေးရုံကြီး စောင့်ကြည့်လူနာနှင့် ကျန်းမာရေးဝန်ထမ်း လူ (၁၀၀) ဦးအတွက် ညနေစာ လှူဒါန်းခြင်း၊ သ.စ.အ ဓမ္မာစရိယ(အဘိဝံသ) ဘွဲ့ရ စာချအကျော် ဆရာတော်ကြီးများ သီတင်းသုံးလျက် ပရိယတ္တိစာပေများပို့ချရာ ပရိယတ္တိစာသင်တိုက်ကြီးများအတွက် ကာလဒါန ဆွမ်းဆန်တော်အလှူငွေ (၅) သိန်းကျပ်၊ အိမ်ထောင်စုများအတွက် ဆန်၊ဆီ အခြေခံစားသောက်ကုန်များကို လှူဒါန်းကုသိုလ်ပြုထားပါတယ်" ဆိုတာကို အောက်တိုဘာလ (၂၇) ရက်နေ့တုန်းက မုဏ်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Mone
မုဏ်းကတော့ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေဆီက မွေးနေ့ ဆုတောင်းတွေ အများကြီး ရတဲ့ အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူ့ကို ချစ်တဲ့ အမာခံ ပရိသတ်တွေရဲ့ Surprise ကြောင့်လည်း ဝမ်းသာရတယ်လို့ သူက ပြောပါတယ်။
"ဒီလိုပျော်ရွှင်ရတဲ့ မွေးနေ့လေး ဖြစ်မယ်လို့ တကယ်ကို မထင်ထားမိတာပါ။ We Love တွေကို တကယ်ကို ရင်ထဲက ကျေးဇူးတင်ပါတယ်။ ချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီရောဂါကြီးနဲ့ ဒီလိုအချိန်မွေးနေ့ဆိုတော့မွေးနေ့ကိတ်တောင် မခွဲရလောက်ဘူး ထင်ထားပေမယ့် ကိတ် ၃ လုံးတောင် ခွဲရတယ်။ ပန်းစည်းတွေနဲ့ မွေးနေ့လက်ဆောင်တွေ အများကြီးရတယ်။ We Love တွေကို တကယ်ကျေးဇူးတင်ပါတယ်။ We Love တွေကြောင့်သာ တကယ်ကို ပျော်ရွှင်ရတဲ့ မွေးနေ့လေး ဖြစ်ခဲ့တာ။ တကယ်ကျေးဇူးပါနော် I love you all" ဆိုပြီးတော့လည်း အောက်တိုဘာ ၂၇ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အမှတ်တရ ဓာတ်ပုံလေးတွေတင်ရင်း ရေးသားခဲ့တာပါ။
Photo: Mone
မုဏ်းကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ် စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 နဲ့ လက်တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ဦးဖြစ်ပါတယ်။ စီနီယာအနုပညာရှင်တွေနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့အခါမှာလည်း အနုပညာအရည်အချင်းတွေကို လေ့လာဆည်းပူးဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။