ရှေ့သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အကောင်းဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုတွေပေးနေတဲ့ MPT ဟာ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှု ပေးနေခဲ့တာပါ။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို စတင်မိတ်ဆက်တဲ့ အချိန်ကစလို့ ဒီနေ့အချိန်အထိ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု(FTTH)လုပ်ငန်းမှာ MPT အနေနဲ့ ရှေ့ဆုံးက ဦးဆောင်လျက်ရှိနေပါတယ်။ မြန်နှုန်းမြင့်ပြီး တည်ငြိမ်တဲ့အပြင် ဒေတာကလည်း အကန့်အသတ်မဲ့ဖြစ်တဲ့ MPT ရဲ့ ဒုံးပျံဖိုင်ဘာအင်တာနက်ကို နိုင်ငံအနှံ့ မြို့နယ်ပေါင်း (၇၀ )မြို့နယ်မှာ သုံးစွဲလို့ရနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
အကန့်အသတ်မဲ့သုံး အိမ်သုံးဖိုင်ဘာအင်တာနက်ကို တပ်ဆင်မယ်ဆိုရင် ၁၀၉,၀၀၀ ကျပ်ကျသင့်မယ့် MPT Dome Pyan Class A Package, ၆၉,၀၀၀ ကျသင့်မယ့် MPT Dome Pyan Class B Package နဲ့ ၃၉,၀၀၀ ကျပ်ကျသင့်မယ့် MPT Dome Pyan Class C Package ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သီတင်းကျွတ်အကြိုပရိုမိုးရှင်းအနေနဲ့ အောက်တိုဘာလအတွင်း ဝယ်ယူတပ်ဆင်မယ်ဆိုရင် တပ်ဆင်ခ ၅၀,၀၀၀ ကျပ် နဲ့ နိုဝင်ဘာလ တစ်လလုံးအတွက် အခမဲ့အသုံးပြုခွင့်ကိုပါ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်ဆင်တဲ့ Package အမျိုးအစားပေါ်မူတည်ပြီး မိုဘိုင်းလ်ဒေတာ၊ MPTအချင်းချင်း ဖုန်းခေါ်ဆိုတာနဲ့ အကန့်အသတ်မဲ့ စာတိုဝန်ဆောင်မှုတွေကို MPT မိုဘိုင်းလ်ဖုန်း (၅) လုံးအထိ လစဉ် အသုံးပြုနိုင်ခွင့်တွေကိုပါ ထပ်ပေါင်းအကျိုးအမြတ်တွေအနေနဲ့ ရရှိဦးမှာပါ။
MPT ရဲ့ မြန်နှုန်းမြင့် ဒုံးပျံ ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ရယူလိုပါက https://www.mpt.com.mm/mm/dome-pyan-form-individuals-mm/ လင့်ခ် မှာ Online Registration ပြုလုပ်ပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ငွေပေးချေမှုတွေကိုလည်း အိမ်ထဲက အိမ်ပြင်ထွက်စရာမလိုဘဲ MPT Money နဲ့ CB၊ KBZ BANK, AYA Bank, Myanma Apex Bank Mobile Banking တို့က တစ်ဆင့် အလွယ်တကူ ငွေပေးချေနိုင်ပါတယ်။ အခြားသောငွေပေးချေနိုင်တဲ့နေရာတွေကိုလည်း https://bit.ly/3bOpQQA လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အခုဆိုရင် MPT ဒုံးပျံ ဖိုင်ဘာအင်တာနက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၂၉)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၆)မြို့နယ် နဲ့ အခြား မုံရွာ၊ တောင်ကြီး၊ ရွှေဘိုအပါအဝင် အခြားမြို့နယ်ပေါင်း (၃၅) မြို့နယ်မှာ သုံးစွဲနေနိုင်ပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုရရှိနိုင်တဲ့ နေရာအသေးစိတ်ကိုလည်း https://bit.ly/34gWfyD မှာ ကြည့်ရှု စစ်ဆေးနိုင်ပါတယ်။ MPT အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်း အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသွားအလာကန့်သတ်ဆောင်ရွက်ထားတဲ့ နေရာပေါင်း (၆၀) ကျော်မှာ ဆက်သွယ်ရေး အတွက် လိုအပ်တဲ့ ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုတွေကို ကိုဗစ်-၁၉ ပထမလှိုင်းကစပြီး လိုအပ်ချက်အလိုက် အခမဲ့ဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် ဖောင်ကြီး COVID-19 ကုသရေးစင်တာနဲ့ သုဝဏ္ဏစင်တာတွေမှာ Fiber Internet နဲ့ Wi-Fi ချိတ်ဆက်မှုတွေကိုလည်း ထပ်ဆောင်း ထောက်ပံ့ ပေးခဲ့ပါသေးတယ်။
မိမိတို့နေအိမ်ကနေ အလုပ်တာဝန်တွေကို ဆောင်ရွက်နေရတဲ့ အခုလိုကာလမှာ အလုပ်တွေ အကောင်းဆုံး ပြီးမြောက်နိုင်ဖို့အတွက် မြန်ဆန် စိတ်ချရတဲ့ အင်တာနက် လိုအပ်နေသူတွေနဲ့ အွန်လိုင်းကတစ်ဆင့် ဖျော်ဖြေရေး တွေ ခံစားနိုင်ဖို့နဲ့ ဆက်သွယ်မှုတွေကို ဆောင်ရွက်နိုင်ဖို့ MPT ရဲ့ ဒုံးပျံ ဖိုင်ဘာအင်တာနက်ကို အသုံးပြုသင့်ဆုံး အချိန်လို့ ဆိုရမှာပါ။ ဒီလို MPT ရဲ့ မြန်နှုန်းမြင့် အင်တာနက်ကို သီတင်းကျွတ်အကြို ပရိုမိုးရှင်းနဲ့အတူ ဝယ်ယူတပ်ဆင်လို့ ရပြီဖြစ်ကြောင်းကို စာဖတ်ပရိသတ်ကြီးထံ အခုလို သတင်းကောင်းပါးလိုက် ရပါတယ်။