Microsoft Teams နေ့စဉ်သုံးစွဲသူဦးရေဟာ ၁၁၅ သန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ကာလအတွင်းမှာ Microsoft Teams နဲ့ အွန်လိုင်းရုပ်သံတွေ့ဆုံမှုလုပ်သူဦးရေဟာ ဆက်တိုက် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာနာဒဲလာရဲ့ပြောကြားချက်အရ Microsoft Teams နေ့စဉ်သုံးစွဲသူဦးရေဟာ ၁၁၅ သန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၆ လနီးပါးက Microsoft မှ ထုတ်ဖော်ပြောကြားခဲ့တဲ့ ၇၅ သန်းပမာဏကနေ မြင့်တက်လာတာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။



Photo: theverge


ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း Teams တွေ ဖြည်းဖြည်းချင်း ပိုတိုးလာနေတယ်လို့ Microsoft က ပြောထားပါတယ်။ Microsoft ဟာ အစည်းအဝေးထိုင်သူအချင်းချင်း Virtual ဘေးတိုက်ထိုင်နေသယောင် ဒီဇိုင်းထုတ်ထားတဲ့ Together Mode သစ်လည်း မိတ်ဆက်ထားပါတယ်။ NBA ဟာ ဘတ်စကတ်ဘောဂိမ်းပွဲတွေမှာ Microsoft ရဲ့ Together Mode သစ်ကို သုံးနေပါတယ်။ 

Microsoft Teams အနေနဲ့ ရလဒ်ကောင်းတွေ ပြနေပေမယ့် ပြိုင်ဘက် Video Conferencing tools တွေနဲ့ အရေအတွက်ချင်း ယှဉ်ရခက်ပါတယ်။ Zoom နဲ့ Google တို့ရဲ့ နေ့စဉ်ပုံမှန် ပါဝင်သုံးစွဲသူအရေအတွက်မှာ သုံးစွဲသူတစ်ဦးဟာ တစ်နေ့ထဲမှာ အစည်းအဝေးအမျိုးမျိုးကို အကြိမ်ပေါင်းများစွာ ဝင်နိုင်တာကိုလည်း ထည့်တွက်ထားတာ ဖြစ်ပါတယ်။

ဒီနှစ် နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ Google Meet ကို နေ့စဉ်သုံးစွဲသူ သန်း ၁၀၀ နဲ့ Zoom မှာ သန်း ၃၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ Slack ကလည်း သုံးစွဲသူဦးရေ တက်လာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က