ခန္ဓာကိုယ်ကြီးမှာ ရွှေတွေ အပြည့်ဝတ်ပြီး ရွှေရောင်းတော့မယ့် ထူးအယ်လင်း သူဈေးရောင်းမယ့် အစီအစဉ်ကို ပြောပြခဲ့ပါတယ်။
Photo: Htoo L Linn
ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ပရဟိတအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတဲ့ ထူးအယ်လ်လင်းကတော့ မကြာခင်မှာ အွန်လိုင်းကနေ စျေးရောင်းတော့မယ်လို့ ဆိုပါတယ်။ ထူးအယ်လ်လင်းက ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ခဲ့တာပါ။ထူးအယ်လ်လင်းကတော့ အခြားအနုပညာရှင်တွေလိုပဲ သူလည်း အွန်လိုင်းပေါ်ကနေ ရွှေရောင်းမယ်လို့ ဆိုပါတယ်။
“ ကျွန်တော် လှိုင်သာယာ မီးခွက်ဈေးမှာရှိတဲ့ ဦးမိုးနှင်း ဒေါ်ခင်မာဝင်းတို့ရဲ့ ရွှေဆိုင်မှာ ကျွန်တော့်ရဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ရွှေတွေအပြည့်ဆင်ပြီးတော့ တစ်ခုချင်း ကျွန်တော် ရောင်းမယ်။ ကျွန်တော် ရွှေရောင်းမယ်ပေါ့ဗျာ။ ကျွန်တော့် နာမည်ကလည်း ထူး ဆိုတာက စကောကရင်လိုဆိုရင် “ရွှေ” လို့ခေါ်တယ်။ အယ်လ် ဆိုတာက “ ချစ်” တာပေါ့။ ထူးအယ်လ်လင်းဆိုတော့ ရွှေချစ်လင်းပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကျွန်တော် ထူးအယ်လ်လင်း ရွှေရောင်းမှာဖြစ်ပါတယ်” ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။
Photo: Htoo L Linn
ထူးအယ်လင်းဟာ သူရွှေရောင်းတဲ့ အခါမှာ ပရိသတ်ကို သီချင်းလည်း ဆိုပြဖို့အတွက် စီစဉ်ထားတယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
“ ကျွန်တော်တို့ရဲ့ အလှူတွေမှာ အမြဲတမ်း အလှူပေးနေတဲ့ ဦးမိုးနှင်း နဲ့ ဒေါ်ခင်မာဝင်းတို့ဆိုင်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေ ရွှေရောင်းမယ်။ အဲဒီအခါကျရင် ကျွန်တော်က သီချင်းလေး တစ်ပုဒ်ဆိုပြမယ်။ ပြီးရင် ရွှေဆွဲကြိုး အတုံးလိုက်၊ အတစ်လိုက် ဆွဲပြီး ရွှေရောင်းမယ်။ ဆိုင်ကယ်ကြီးတွေ စီးပြီး ရွှေတွေနဲ့ ကျွတ်ဆင်ကြီးတွေလေဗျာ။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။
Photo: Htoo L Linn
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။