နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အစီအစဉ်တွေလည်းအပြောင်းအလဲရှိပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့မှာ ကျရောက်မယ့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကိုဗစ်စည်းမျဉ်းတွေနဲ့ အညီ ကျင်းပသွားမယ်လို့ သိရပါတယ်။

လွတ်လပ်ရေးနေ့ အခမ်းအနားဟာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ နိုင်ငံတော်အခမ်းအနားတစ်ခုဖြစ်တာကြောင့် မဖြစ်မနေကျင်းပပြုလုပ်ရမှာဖြစ်ပြီး ကိုဗစ်ကာလလည်းဖြစ်တာကြောင့် စည်းကမ်းချက်တွေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။



ယခင်နှစ်တွေအတိုင်း ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေမှာ မပြောင်းအလဲရှိမှာဖြစ်သလို ကိုဗစ်ဗဟိုထိန်းချုပ်ရေးကော်မတီရဲ့ ညွှန်ကြားချက်တွေကိုလည်း ထည့်သွင်းစဉ်းစားကာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက (၇၃)နှစ်မြောက် လွတ်လပ်ရေးကျင်းပနိုင်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

နေပြည်တော်မှာတော့ လွတ်လပ်ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့်အနေနဲ့ နှစ်စဉ်နှစ်တိုင်း မြို့တော်ခန်းမမှာ နံနက် (၄)နာရီ မိနစ် (၂၀)မှာ အလံတင်အခမ်းအနားနဲ့ (၉)နာရီမှာ သဝဏ်လွှာဖတ်ကြားခြင်းအစီအစဉ်၊ ဂုတ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားနဲ့ ညပိုင်းမှာ ဧည့်ခံစားပွဲအခမ်းအနားကိုဆောက်ရွက်လေ့ရှိပါတယ်။

(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကိုတော့ နံနက် (၇)နာရီမှသာ အလံတင်အခမ်းအနားကျင်းပမှာဖြစ်ပြီး (၉)နာရီမှာတော့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ဂုတ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကိုသာဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ညပိုင်းဧည့်ခံစားပွဲကို ကိုဗစ်ရောဂါကင်းစင်မှဆောင်ရွက်မှာဖြစ်ပြီး မကင်းစင်ပါက လုံးဝမကျင်းပဘူးလို့ ကော်မတီအစည်းအဝေးကနေ သိရပါတယ်။ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ ညှိနှိုင်းအစည်းအဝေးတွေကို ဆောင်ရွက်လျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က