ရိုက်ကူးရေးကြောင့် ခရီးရောက်နေတာပါ။

မိဘအပေါ် သိတတ်လိမ္မာလွန်းတဲ့ သားတစ်ဦးအဖြစ် ပရိသတ်တွေ သိထားတဲ့ သရုပ်ဆောင် ထွန်းထွန်းကတော့ ရိုက်ကူးရေးကြောင့် မိဘတွေရဲ့ ဘေးမှာ မရှိနိုင်ပေမယ့် အဝေးကနေ ကန်တော့ခွင့်ရတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ 

Photo: Tun Tun



သရုပ်ဆောင် ထွန်းထွန်းကတော့ " ဆိုးပေ" ဇာတ်လမ်းတွဲရိုက်ကူးရေးကြောင့် နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြီးမိဘတွေကို ရိုသေတတ်သူ ဖြစ်တာကြောင့် သီတင်းကျွတ်အခါသမယအဖြစ် ရန်ကုန်မှာ ကျန်နေခဲ့တဲ့ မိဘနှစ်ပါးကို အွန်လိုင်းပေါ်ကနေ သတိတရ ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်။ 

" ခရီးထွက်နေရတော့ သီတင်းကျွတ်မှာ ဖေဖေနဲ့မေမေကို အဝေးကပဲ Video Call နဲ့ ပဲကန်တော့ရတာပေါ့ဗျာ။ ကျွန်တော့် မိဘပြုံးပျော်နေခြင်းက ကျွန်တော့်အတွက် နိဗ္ဗာန်ပဲ" ဆိုပြီးတော့ အောက်တိုဘာလ (၂၈) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မိဘ နှစ်ပါးကို ကန်တော့နေတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။ ထွန်းထွန်းကို ချစ်တဲ့ အနုပညာမောင်နှမတွေကလည်း Comment ကနေ တဆင့် ချီးကျူးစကားတွေ ပြောခဲ့ကြပါသေးတယ်။ 

Photo: Tun Tun

ထွန်းထွန်းကတော့ ဒါရိုက်တာ ခင်လှိုင်ရိုက်ကူးတဲ့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်လမ်းတွဲထဲမှာ " ဆိုးပေ" ဆိုတဲ့ ကလေးလေးရဲ့ အစ်ကို တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ လူကြီး သရုပ်ဆောင်များ အနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေကြိုးစားလာရင်း အခုဆိုရင် အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆုရ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က