အချစ်ရေးကံခေတဲ့အကြောင်းကို ပြောပြလာပါတယ်။

ရွယ်တူ အချစ်ဆုံးသူငယ်ချင်းက မိသားစုဘဝရှိနေချိန်မှာ အခုထိ အိမ်ထောင်မကျသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ ဖြတ်သန်းနေပါတယ်။

အနုပညာလောကထဲမှာ နှစ်(၂၀)ကျော်အကြာခင်မင်လာခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဇေယျာအောင်က ကိုယ်ပိုင်မိသားစုဘဝလေးရှိနေပမဲ့ သူ့မှာတော့ အချစ်ရေး ကံခေလွန်းတာကြောင့် တစ်ကိုယ်တည်းသမား ဘဝ ဖြစ်နေတယ်လို့ ဇော််ဇော်အောင်က ပြောပြလာပါတယ်။



“ သူ (ဇေယျာအောင်) ကတော့ အခုနောက်ပိုင်း ဖြူဖြူ နဲ့ အိမ်ထောင်ကျပြီးတော့ ကလေးတွေ မွေးတာလေ ကျွန်တော့်ကို ရွဲ့ပြီး မွေးသလားမှတ်ရတယ် သမီး (၃) ယောက်ရှိပြီ။ ကျွန်တော်က သူငယ်ချင်းရဲ့ သမီးတွေကို စောင့်နေတာလေ၊ စတာပါ။ ကျွန်တော်ကတော့ ကြံလိုက်တိုင်း သူများနောက် ပါသွား သူတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ်က အတည်တွေချည်းပါပဲ။ အတည်ပါလို့ ပြောတာတောင် နောက်တာလို့ထင်ပြီး သူများနောက်ပါသွားတာချည်းပါပဲ။ အမှတ်တရပေါ့ဗျာ" လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။  

Photo: Zaw Zaw Aung

ဇော်ဇော်အောင်ဟာ ဇေယျာအောင် အိမ်ထောင်မကျခင်အချိန်တုန်းက သူငယ်ချင်းနှစ်ယောက် အတူတကွ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို သတိတရရှိနေသေးတာပါ။

“ ဇေယျာအောင် နဲ့ ကျွန်တော် ပေါင်းလာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅) နှစ်လောက်ကတည်းကပါ။ ဇေယျာအောင်ရယ်၊ ဇော်ဇော်အောင်ရယ် ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ဂျစ်ကားလေး တစ်စီးနဲ့ လျှောက်သွားတယ်၊ ကားမရှိလည်း ဘတ်စ်ကားစီးရင်စီး မစီးရင် လမ်းလျှောက်ခဲ့ကြတဲ့ အမှတ်တရတွေ အများကြီးပါ။ ပီဇာဆိုတာ ဇေယျာအောင် ကျွေးမှ ကျွန်တော် စားခဲ့ဖူးတာ” လို့ သူကဆိုပါတယ်။  

Photo: Zaw Zaw Aung

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုကာရိုက်တာမဆိုအကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ဇော်ဇော်အောင်ရဲ့အနုပညာသက်တမ်းဟာ အခုဆိုရင် နှစ် ၂၀ ကျော် လွန်နေပါပြီ။ သူဟာ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ရယ်စရာဆိုလည်း ရယ်ရအောင်၊ ငိုစရာဆိုလည်း ငိုရအောင် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က