ယနေ့ ညနေပိုင်းအထိ ခန့်မှန်းချက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ယနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားမိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။

မုန်တိုင်းရဲ့ တိမ်တိုက်အကြွင်းအကျန်တွေကြောင့် မိုးရွာသွန်းနိုင်တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွာရန်ရာနှုန်း (၈၀)သတ်မှတ်ထားတာပါ။



“ ထိုင်းနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းရဲ့ တိမ်တိုက်အကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးမိုးရွာနိုင်ကြောင်းသတိပေးထားတာပါ။ ယနေ့ညနေထိခန့်မှန်းချက်ပါ။ အဓိက,က ဒီအချိန်က သီးနှံရိတ်သိမ်းခွင်ဖြစ်တယ်။ သီးနှံတွေက ရေများရင်အပျက်အစီးများတော့ တောင်သူတွေအနေနဲ့ ကြိုပြီးပြင်ဆင်နိုင်အောင် အသိပေးတဲ့သဘောပါ”လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ အောက်တိုဘာလ (၂၈)ရက်နေ့က ဗီယက်နမ် နိုင်ငံအလယ်ပိုင်းကမ်းခြေကိုဖြတ်ကျော်ကာ လာအိုနိုင်ငံကတစ်ဆင့် ထိုင်းနိုင်ငံကို မုန်တိုင်းငယ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် ယနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားမိုးကြီးနိုင်ပြီး မိုးရွာသွန်းချိန် မြန်မာ့ပင်လယ်ပြင်တွေရဲ့ လှိုင်းအမြင့်ဟာ (၅)ပေကနေ (၈)ပေထိမြင့်တက်နိုင်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်ထိ ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံရဲ့မြိဲ့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ နေရာကွက်ကျားမိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က