ဒီနေ့မှာ ဆုံးပါးသွားတာပါ။

ဇာတ်ကားတွေထဲမှာ ဆရာဝန်ကာရိုက်တာ၊ရှေ့နေ ကာရိုက်တာနဲ့ အမြဲလိုလိုတွေ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး(IC) က ဒီနေ့ နေ့လည် (၂)နာရီကျော် ဝန်းကျင်လောက်မှာ ကိုဗစ် -၁၉ ရောဂါနဲ့ ရန်ကုန် ၊ ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကမှာနေထိုင်တဲ့ ဇနီးဖြစ်သူက Duwun ကို အတည်ပြု ပြောခဲ့ပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ဦးကြည်စိုး (IC) ဟာ ကိုဗစ် ရောဂါကို ခံစားနေရပြီး ဒီနေ့ (အောက်တိုဘာ ၃၀ ရက်နေ့) နေ့လည်(၂)နာရီ (၅း၀၀)မှာ ဆုံးပါးသွားခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။ သေဆုံးချိန်မှာ အသက်(၇၄)နှစ် ရှိပြီလို့ သိရပါတယ်.။

“ ဦးကြည်စိုးက အောက်တိုဘာ(၂၀) ဝန်းကျင်လောက်မှာနေမကောင်းစဖြစ်တယ်။ နှာစီး ၊ချောင်းဆိုး စစ်ဖြစ်တော့ ဆေးသောက်ဘာညာလုပ်ရင်းကနေ (၄)ရက်လောက်နေတော့ စဖျားတယ်။အဲ့ဒါ အသိဆရာဝန်နဲ့ ဆေးရုံတက်ဖို့ဘာညာလုပ်ရင်း Swab စစ်လိုက်တော့ Positive ဖြစ်နေတာ ။ပြီးတော့ရန်ကုန်ဆေးရုံကြီးရောက်မှာ ဆေးတွေဘာတွေ စစ်လိုက်တော့ ဆီးချိုရောဂါနဲ့ ကျောက်ကပ်က မကောင်းဘူးဖြစ်နေခဲ့တာ သိရပါတယ်။ ပထမကတော့ သူပြန်သက်သာလာသေးတယ်တဲ့အချိန်မှာ ဒီတောင်ကို ကျော်နိုင်ပြီလို့ ထင်ခဲ့တာပေ့ါ။ အန်တီလည်း အဝေးကနေပဲ ဦးသတင်းကို လှမ်းလှမ်းမေးနေရတာ။ဒါပေမယ့် ၂၉ ရက် ည(၁၀)နာရီလောက်ကတည်းက မျောနေခဲ့ပြီး သတိမရဘူးဒီနေ့ နေ့လည် (၂)နာရီ (၅၀)မှာဆုံးသွားခဲ့တာ” လို့ အမေရိကမှာ ရောက်နေတဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဆီက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ဦီးကြည်စိုး IC ရဲ့ သတင်းကိုကြားပြီး အနူပညာလောကသားတွေနဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဦးကြည်စိုးဟာ အနုပညာလောကထဲ မရောက်ခင်မှာ ကျောင်းဆရာ တစ်ယောက်ဖြစ်ခဲ့ပြီး စာတွေလည်း ရေးခဲ့သူတစ်ဦးပါ။ အဲ့ဒီနောက် အနုပညာလောကထဲရောက်ရှိလာ ပြီး ဒွေး၊ ထက်ထက်မိုးဦးနဲ့ " ဓားသွားတဆုံး" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က