ကြီးမားတဲ့ ဘဏ္ဍာရေးပြသနာကို ရင်ဆိုင်နေရပါတယ်။

ကစားသမားတွေကို ပေးချေနေရတဲ့ လစာငွေကို ယူရိုသန်း ၁၉၀ အထိ လျှော့ချပစ်ဖို့ လိုအပ်နေပြီး အဆိုပါပမာဏကိုသာ မလျှော့ချနိုင်ဘူးဆိုရင် ကြီးမားတဲ့ ဘဏ္ဍာရေးပြသနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စပိန်သတင်းစာတွေကဖော်ပြခဲ့ကြပါတယ်။ 


စပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းဟာ ဒေဝါလီခံသွားရနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ ကစားသမားတွေကို ပေးချေနေရတဲ့ လစာငွေကို ယူရိုသန်း ၁၉၀ အထိ လျှော့ချပစ်ဖို့ လိုအပ်နေပြီး အဆိုပါပမာဏကိုသာ မလျှော့ချနိုင်ဘူးဆိုရင် ကြီးမားတဲ့ ဘဏ္ဍာရေးပြသနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စပိန်သတင်းစာတွေကဖော်ပြခဲ့ကြပါတယ်။ 



RAC1 ရဲ့ ဖော်ပြချက်အရဆိုရင် ဘာစီလိုနာက ကစားသမားတွေရဲ့ လစာငွေကို ၃၀%အထိ လျှော့ချသွားဖို့ ဆွေးနွေးမှုတွေစတင်နေခဲ့ပြီး နိုဝင်ဘာ (၅) ရက်နေ့မတိုင်ခင်မှာ သဘောတူညီမှုရရှိရင်ရ ဒီလိုမှမဟုတ်ရင်တော့ နောက်နှစ်ဇန်နဝါရီမှာ ဒေဝါလီခံသွားရနိုင်တယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြီးမားတဲ့ထိခိုက်မှုကို ခံစားနေရပြီဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်ဖြစ်ပွားခဲ့လို့ ကလပ်အသင်းရဲ့ ဝင်ငွေကို ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး အသင်းရဲ့ အမှတ်တရပစ္စည်းစတိုးဆိုင်တွေ၊ ပွဲနေ့မှာ ရရှိမယ့် ဝင်ငွေနဲ့ ကွင်းဝင်ကြေးတွေ ဆုံးရှုံးခဲ့မှုက တော်တော်လေးသိသာခဲ့တယ်လို့ ဆိုပါတယ်။ ဘာစီလိုနာယာယီဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ Carles Tusquets က "ကျွန်တော်တို့ အသင်းရဲ့ ဘဏ္ဍာရေးကို တော်တော်လေးစိုးရိမ်နေရပါတယ်၊ ကူးစက်ရောဂါရိုက်ခတ်မှုက အသင်းအပေါ် တော်တော်လေးကြီးမားခဲ့သလို ခက်ခဲစေခဲ့ပါတယ်၊ အသင်းက ခရီးသွားတွေအပေါ်မှာပဲ မှီခိုနေရပြီး ဝင်ငွေအားလုံးဆုံးရှုံးခဲ့ရပါတယ်၊ ဒီအနေအထားက ဘယ်လိုမှသက်တောင့်သက်သာမဖြစ်ပါဘူး၊ ဒီပြသနာကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်" လို့ ဖြေရှင်းပြခဲ့ပါတယ်။ 

နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကတော့ မက်ဆီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာမှာ ၅နှစ်စာအဖြစ် စုစုပေါင်း ယူရိုသန်း ၆၀၀ အထိ ရရှိနေတယ်လို့ သိရပါတယ်။ Football Leaks ကဖော်ပြခဲ့တာဖြစ်ပြီး ဒီရရှိမှုတွေထဲမှာ သစ္စာရှိကြေးတွေလည်း ပါဝင်နေကာ တစ်ပတ်လုပ်ခအနေနဲ့ဆိုရင် ပေါင်ကိုးသိန်းရှစ်သောင်းအထိ ခံစားရရှိနေတာလည်းဖြစ်ပါတယ်။ 

လက်ရှိဘာစီလိုနာအသင်းအခြေအနေကတော့ ဘာတိုမြူနဲ့ ဘုတ်အဖွဲ့တစ်ခုလုံး နုတ်ထွက်သွားခဲ့ပြီး အသင်းကို ပြန်လည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းဖို့ အားထုတ်နေရပြီး တစ်ဖက်မှာလည်း ကူးစက်ရောဂါကြောင့် ဘဏ္ဍာရေးထိခိုက်မှုတွေကိုလည်း ရုန်းကန်ဖြေရှင်းရဦးမှာဖြစ်ပါတယ်။ မက်ဆီကလည်း အသင်းမှာဆက်ရှိနေဖို့ မသေချာတော့ဘဲ ဘာစီလိုနာရဲ့ အဖြစ်သနစ်ကတော့ တော်တော်လေးကို ဆိုးရွားတဲ့ ပြိုကွဲမှုတစ်ခုအဖြစ် ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က