တာဝန်ကျသူတွေဟာ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်စာအုပ်နေရာမှာ ပြည်သူလွှတ်တော်မဲလက်မှတ်စာအုပ်ကို အသုံးပြုမိခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာက ကြိုတင်ဆန္ဒမဲရုံတစ်ခုမှာ  ပြည့်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်ခုထဲကို လူ ၅၀ က ဆန္ဒမဲ နှစ်ကြိမ်ပေးမှုဖြစ်ပွားခဲ့တာကြောင့် အဲဒီမဲရုံမှာ မဲပေးခဲ့တဲ့ လူပေါင်း ၁၅၃ ဦးကို မနက်ဖန် မှာ ကြိုတင်မဲ ပြန်လည်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က ရေနံမကျေးရွာမှာ ကြိုတင်မဲ စတင်ကောက်ခံတာဖြစ်ပြီး ကောက်ခံတဲ့အခါမှာ မဲရုံ ၂ မှာ တာဝန်ကျသူတွေဟာ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်စာအုပ်နေရာမှာ ပြည်သူလွှတ်တော်မဲလက်မှတ်စာအုပ်ကို အသုံးပြုမိခဲ့တာဖြစ်ပါတယ်။ ဆန္ဒမဲလက်မှတ် အားလုံးကုန်ပြီးနောက်မှသာ စာအုပ်မှားမှန်းကိုသိရှိခဲ့ပေမယ့်လည်း မဲပေးမှုကို ရပ်မထားပဲ မဲဆက်ပေးစေပြီး အဲဒီမဲပုံးထဲကိုပဲ ကြိုတင်မဲတွေ ထပ်မံထည့်ခဲ့တယ်လို့သိရပါတယ်။



ဒါကြောင့် ပြည်သူ့လွှတ်တော်တစ်ခုထဲကို ဆန္ဒမဲနှစ်ကြိမ်ပေးမိတဲ့ ဆန္ဒမဲလက်မှတ်တွေ နဲ့ ရောထွေးသွားတာကြောင့် မဲရုံ၂ မှာ ကြိုတင် ဆန္ဒမဲပေးခဲ့သူ လူပေါင်း ၁၅၃ ဦးကို ဆန္ဒမဲနောက်တစ်ကြိမ် အသစ်ပြန်လည်ပေးဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အပါအဝင် ကိုယ်စားလှယ်လောင်းတွေဟာ မနေ့က ည နေမှာ အရေးပေါ် အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပေးပြီးသား မဲပုံးကိုလည်း ပ ယ်မဲတွေအဖြစ် သတ်မှတ်ပြီး ရဲစခန်းမှာ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Ko Zaw sai

“မဲပေးခိုင်းတဲ့ လူ ဦးရေ ၄၀ ကျော်အရောက်မှာ မိုးရွာတော့ မဲတွေရေစိုမှာစိုးလို့ သိမ်းလိုက်တယ်။ မိုးတိတ်တော့ ပြန်ထုတ်ခင်းတဲ့အခါ ပြည်သူ့လွှတ်တောနေရာမှာ ပြည်သူလွှတ်တော်စာအုပ်ထားတယ်။အမျိုးသားလွှတ်တော်နေရာမှာလည်း ပြည်သူ့လွှတ်တော်ဆန္ဒမဲအုပ်ထားမိတယ်။ အဲ့ဒီထားမိတဲ့စာအုပ်ကုန်တော့မှ မှားမှန်းသိသွားတယ်။ ပထမ ဖြဲလက်စ ဆန္ဒမဲစာအုပ်တွေက မမှားဘူး အမှန် ၊ ၅၀ ပြည့်လို့ နောက်တစ်အုပ်ထပ်ထုတ်မှ မှားသွားတာ။ အမျိုးသားလွှတ်တော် နေရာမှာလည်း ပြည်သူ့လွှတ်တော်ဆန္ဒမဲစာအုပ်တွေဖြဲပေးတယ်။ တာဝန်ခံတစ်ယောက်က ကျောင်းဆရာမတွေပါပဲ။ ဖြဲပေးတဲ့အချိန်မှာ တစ်အုပ်ကုန်သွားမှ မှားမှန်းသိသွားတာပေါ့။ ထုတ်ပေးတဲ့ တာဝန်ခံကလည်း သတိမထားမိလိုက်ဘူး။ မဲပေးမယ့် ပြည်သူကလည်း သတိမထားမိဘူး။ တကယ်ဆို လွှတ်တော်ကိုယ်စားလှယ်လောင်းနာမည်ကြည့်ထားမယ်ဆို နာမည်တွေထပ်နေတာသိမယ်။ ဒါပေမယ့်ဒီအချက်ကို ပြည်သူ ၅၀ ကလည်း သတိမထားမိလိုက်ဘူး။ ပါတီတံဆိပ်ပဲ မဲပေးတဲ့သဘေောရှိတယ်။ အဲ့လိုနဲ့ ထည့်လိုက်တော့ အယောက် ၁၀၀ ဖြစ်သွားတယ်။ မှားမှန်းသိတဲ့အချိန်ကျ မဲပုံးထဲမှာ မဲလက်မှတ်တွေက အကုန်ရောက်ပြီးသွားပြီ။ မဲပေးခြင်းကို ရပ်ထားဖို့လည်း ညျွန်ကြားချက်က မရှိတော့ နောက်ထပ်မဲပေးမယ့်သူတွေကိုလည်း လက်ခံလိုက်တော့ ၁၅၃ ယောက်ကျမှ ရပ်နိုင်တယ်။” လို့ ဒေါက်တာရဲထွန်းဇော်ကပြောပါတယ်။

ကြိုတင်မဲပေးတဲ့အခါ အမျိုးသားလွှတ်တော် ၊ ပြည်သူလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်အတွက် ပေးကြတယ့် ဆန္ဒမဲလက်မှတ်တွေကို ကြိုတင်မဲပုံးတစ်ပုံးထဲမှာ သာ အားလုံးထည့်တဲ့အတွက် မှားယွင်း ပေးမိတဲ့မဲလက်မှတ်တွေကို ဖောက်စစ်ဖို့ ၊ မဲပုံးကို ဖောက်ဖို့ဆိုတာ ဥပဒေနဲ့ မကိုက်ညီတာကြောင့် အဲ့ဒီနည်းလမ်းကိုပယ်ဖျက်ပြီး ဆန္ဒမဲ နောက်တစ်ကြိမ် အသစ်ပြန်ပေးဖို့ကိုသာ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မဲရုံ ၂ မှာ ကြိုတင် မဲပေးခဲ့သ ၁၅၃ ဦးကို နိုဝင်ဘာ ၂ ရက်နေ့မှာ ဆန္ဒမဲပြန်လည်ပေးနိုင်ဖို့အတွက် မဲပုံး သက်ဆိုင်ရာတာဝန်ရှိသူတွေက စီစဉ်နေတယ်လို့သိရပါတယ်။ရေနံမ ကျေးရွာဟာ ရွာကြီးဖြစ်တာကြောင့် တစ်ရွာလုံးမှာ ကြိုတင်ဆန္ဒမဲပေးတဲ့နေရာ ၃ နေရာ လုပ်ဆောင်ထားရကြောင်းနဲ့ ကြိုတင်ဆန္ဒမဲပေးသူက ၆၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ကြိုတင်မဲတွေစတင်ပေးတဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ မကွေးတိုင်းပေါက်မြို့နယ်က ကျေးရွာတစ်ခုမှာလည်း ကြိုတင်မဲကောက်ခံရာမှာ ရပ်ကျေးကော်မရှင်က မဲဆန္ဒရှင်က တံဆိပ်တုံးထုခိုင်းတဲ့ပါတီကို မထုနိပ်ပဲ အစိမ်းပါတီကိုသာ တံဆိပ်ထုနှိပ်ခဲ့တာကြောင့် ကော်မရှင်နဲ့ ရွာသားတွေအကြား ပြဿနာဖြစ်ခဲ့တာကြောင့် ပြဿနာဖြစ်ခဲ့တဲ့ မဲဆန္ဒရှင် ၄၀ ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မျာ ဆန္ဒမဲပြန်လည်ပေးခွင့်ပြုမယ်လို့ ပြောဆိုထားတာရှိပါတယ်။

Share

က္က