မနက်ဖန်ဆို အသက်(၆၁)နှစ်ပြည့်ပါပြီ။

ဦးကျော်သူဟာ ကိုဗစ်- ၁၉ Positive နဲ့ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ဒီနေ့မှာ (၁၁) ရက်အတိတိ ရှိလို့နေခဲ့ပါပြီ။ ကိုဗစ် ရောဂါပိုးတွေ့ရှိပေမယ့် ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေဆဲ ဖြစ်လို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေ အတွက်တော့ စိတ်သက်သာရာ ရစေမှာပါ။

Photo : ကျော်သူ



ဦးကျော်သူဟာ နိုဝင်ဘာ(၂) ရက်နေ့မှာကျရောက်မယ့် မွေးနေ့အတွက် ဒီနေ့မှာ  မွေးနေ့အကြို ကုသိုလ်ယူနေတာ တွေ့ရပါတယ်။  ‌ဒီနေ့နံနက်အစောပိုင်းမှာ ဆေးရုံက ဝန်ထမ်းများအတွက် ကော်ရည်ခေါက်ဆွဲမှာပြီး ဒါနပြုခဲ့သလို မနက်ဖြန်မနက်မှာလည်း လော့ဒေါင်းချထားတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က ဝန်ထမ်းတွေအတွက် သီးစုံပဲကုလားဟင်း၊ငါးခြောက်တို့နဲ့ ဒါနပြုသွားဦးမယ်လို့ ဆိုပါတယ်။

“မနက်ဖန်မွေးနေ့အမှတ်တရကောင်းမှုဒါနလေးနိုင်သလောက်လုပ်မည်ဟုဆုံးဖြတ်ကာ ဝေဘာဂီဆေးရုံရှိဝန်ထမ်းများ၊ဆရာဝန် ဆရာဝန်မများ၊သူနာပြုများ၊ ကိုဗစ်ဝေဒနာရှင်လူနာများအား နံနက်အစောပိုင်း တော်ဝင်နှင်းဆီမှ ကော်ရည်ခေါက်ဆွဲကျွေးမွေးလိုသောဆန္ဒဖြင့် စုံစမ်းကြည့်သောအခါ ၂-၁၁-၂၀၂၀ ရက်နေ့အတွက် အလှူရှင်တစ်ဦးကြိုတင် ဘိုကင် ယူထားကြောင်းသိရ၍ မွေးနေ့အကြိုဒါနကုသိုလ်အဖြစ်(၁-၁၁-၂၀၂၀) ရက်၊တနင်္ဂနွေနေ့တွင်ကျွေးမွေးကုသိုလ်ဒါနပြုမိပါသည်။ထို့အပြင် (၂-၁၁-၂၀၂၀) ရက်မွေးနေ့ရက်တွင်လည်း လော့ဒေါင်းချထားသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဝန်ထမ်းများ၊ပရဟိတမျိုးဆက်သစ်များအားလည်းထမင်း၊သီးစုံပဲကုလားဟင်း၊ငါးခြောက်တို့ဖြင့်ဒါနပြုပါဦးမည်” ဆိုပြီး နိုဝင်ဘာ(၁) ရက်နေ့ နံနက်ပိုင်းက သူ့ရဲ့ လူမှု့ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ကျော်သူ

ဦးကျော်သူဟာ ဒီနေ့မှာအလှူဒါနတွေ ပြုလုပ်ရင်း ပြုံးပျော် ကြည်နူးနေခဲ့ပေမယ့် အသက်(၆၁)နှစ် မတိုင်ခင်က ပုံရိပ်များကို ပြန်ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောခဲ့သော ပုံရိပ်များ နည်းပါးခဲ့တာကို သတိထားမိသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြုံးတစ်ပွင့်ရဲ့ တန်ဖိုးကို သတိထားမိသွားတဲ့ ဦးကျော်သူက  ဒီနေ့ကစပြီး ဘဝတစ်လျှောက်လုံး ပြုံးနိုင်၊ရယ်နိုင်အောင် ကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။

“ဤသို့ဒါနပြုရန်စီစဉ်သည့်အခါ ကျွန်တော်ပြုံးပျော်ကြည်နူးမိသည်။ကျွန်တော်အသက်(၆၁)မတိုင်မီကပုံရိပ် များအား ပြန်လည်ကြည့်မိသော် ဟက်ဟက်ပက်ပက်ရယ်မောနေသောပုံများ မရှိသလောက်အင်မတန် နည်းလှသည်ကိုသတိထားမိသည်။သိုသော် ထိုကဲ့သို့ ရယ်မောနေသောပုံများကိုမြင်တွေ့ရသော် မိမိတွင်ဝေဒနာဘယ်လောက်ပင်ခံစားနေနေ အပြုံးလေးတစ်ပွင့်၊ပီတိလေးတစ်ခုရရှိစေကြောင်း သတိထားမိပြန်သည်။ထို ပီတိသည် မိမိ၏ကောင်းမှု အကျိုးဆက် မှတုံ့ပြန်မှု ရလာဒ်ပင်ဖြစ်သည်။ထို့ကြောင့် ယနေ့မှစ၍ကျွန်တော်ထာဝစဉ်ပြုံးနိုင်အောင်၊ရယ်နိုင်အောင်ကြိုးစားပါဦးမည်။ ကိုဗစ်ကာလအဆုံးသပ်၍ mask များချွတ်သည့်အခါ အားလုံး ထာဝစဉ်ပြုံးပျော်ကြည်နူးရယ်မောနိုင်ကြပါစေသား” ဆိုပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ပါသေးတယ်။

Photo : ဇွဲလရောင်

ဦးကျော်သူဟာ ကိုဗစ်- ၁၉ Positive နဲ့ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ဒီနေ့မှာ (၁၁) ရက်အတိတိ ရှိလို့နေခဲ့ပါပြီ။ ကိုဗစ် ရောဂါပိုးတွေ့ရှိပေမယ့် ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေဆဲ ဖြစ်လို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေ အတွက်တော့ စိတ်သက်သာရာ ရစေမှာပါ။

ကျေ်သူဟာ ၁၉၈၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာသက်တမ်း (၃၇)နှစ် ကျော်အတွင်းမှာ အကယ်ဒမီဆု(၂) ဆု ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ “တပြည်သူ မရွှေထား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့သလို “ အမေ့နို့ဖိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။လက်ရှိ အနုပညာအကြောင်းအနေနဲ့ ဝရဇိန်ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲ၊ ၁၀၁၄ ရုပ်ရှင် ဇာတ်ကားကြီးတို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ ပရဟိတလှုပ်ရှားမှု အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က