အဆိုတော် မိုင်လေးကတော့ နိုဝင်ဘာလကို ကံကောင်းခြင်းတွေနဲ့ကြိုဆိုလိုက်ပြန်ပါပြီ။ထီကံအရမ်းကောင်းတဲ့ သူမဟာ ဒီလမှာလည်း ထီဆုဆွတ်ခူးနိုင်လို့ ပျော်နေပါတယ်။ သူမဟာ လတိုင်းလိုလို ထီပေါက်တတ်သလို တိုက်ဆိုင်စွာပဲ မနှစ်က ၂၀၁၉ခုနှစ်၊ နိုဝင်ဘာကလည်း အခုလိုမျိုး ထီပေါက်ခဲ့ပါသေးတယ်။
Photo : ရတနာမိုင်
အဆိုတော် ရတနာမိုင်ကဟာ အောင်ဘာလေ ထီဆုတွေကို တော်တော်များများ ဆွတ်ခူးနိုင်သူ တစ်ယောက်ပါ ။ ဒီလမှာလည်း ထီငါးသောင်းဆု တစ်ခုကို ဆွတ်ခူးနိုင်လို့ ပျော်နေသလို သီတင်းကျွတ်လမှာ ပေါက်တဲ့ ထီလေးမို့ တန်ဖိုးထားတယ်လို့ဆိုပါတယ်။
“သီတင်းကျွတ်မှာပေါက်တဲ့ ထီ ၅သောင်းဆုလေး တန်ဖိုးထားပါတယ် “ ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာပြောထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရတနာမိုင်ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း အောင်ဘာလေ ထီဆုငါးသောင်းဆု၂ဆုနဲ့ တစ်သိန်းဆု တစ်ဆု ပေါက်ခဲ့ဖူးပါသေးတယ်။ သူမအတွက် နိုဝင်ဘာလက ကံကောင်းတဲ့ လတစ်လလို့ပဲ ဆိုရမှာပါ။
သူမရဲ့ ပရိသတ်တွေကလည်း ထီကံကောင်းလွန်းတဲ့ သူမကို အားကျနေကြသလို သိန်းတစ်သောင်းခွဲဆုကြီး ပေါက်စေဖို့ ဆုတောင်းစကားတွေ ပြောပေးထားတာ တွေ့ရပါတယ်။
Photo : ရတနာမိုင်
ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။သူမက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားပါတယ်။
ဂီတနဲ့ ပတ်သက်ပြီးတော့လည်းဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီးပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ “မမေ့ပါနဲ့” ၊ “လိုရာသုံး” စတဲ့သီချင်းလေးတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်တဲ့ သီချင်းလေးတွေ ဖြစ်လို့နေပါတယ်။