ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်။

သူမ သွားရောက်ကန်တော့စဥ်မှာလည်း လူရွှင်တော်ကြီး ဦးတိမ်ညွှန့်မှာ ဝမ်းသားပီတိဖြစ်လွန်းလို့ မျက်ရည်များတောင် ကျတဲ့အထိ ဖြစ်လို့နေပါတယ်။

Photo ; Tint Sann

ကိုဗစ်ကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးတိမ်ညွှန့်အတွက် သရုပ်ဆောင် မျိုးမျိုးခိုင်က ကမကထ ပြုလုပ်ကာရလာတဲ့ ငွေကြေးများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ကန်တော့ခဲ့ပါတယ်။ 

“ကိုငယ်လေး(တင်ထွန်းဝင်း)ရဲ့အကောင့်မှာဦးတိမ်ညွှန့်ရဲ့အကြောင်းလေးတင်ထားတာတွေ့တော့စိတ်မကောင်းဖြစ်မိတယ်...ဒါနဲ့ဘဲမျိုးမျိုးခိုင်မှကမကထလုပ်‌ပြီးကိုယ်နီးစပ်ရာမိတ်ဆွေအပေါင်းကိုအပူကပ်အလှူခံလိုက်ပြီးသွားလှူလိုက်ပါတယ်၊ဦးတိမ်ညွှန့်လည်းဝမ်းသာကိုတွေလည်းဝမ်းသာပေါ့.။ အလှူရှင်များကတော့ရွှေမောက်ဖက်ရှင်.50000၊ Director ဩရသ +စိန်မြတ်မိုး- 50000၊ယွန်းရွေရည် - 30000၊ရဲရင့်သွေး+ပြုံးမမ 20000၊အေဏီဇော်(သမီးဖွေးဖွေးမွှေးနေ့)...20000၊ အန်တီပယင်း 10000 ၊မျိုးမျိုးခိုင်မှဆန်တစ်အိတ်ကြက်ငါးကြင်းကြက်ဥဆီအာလူးပဲကြာဆန်အစရှိသောစားသောက်ကုန်မျိုးစုံတို့ကိုသွားပေးခဲ့ပါတယ်။” ဆိုပြီးသူမရဲ့ ခင်ပွန်းဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

သူမကိုယ်တိုင် စားသောက်ကုန်များကို လှူဒါန်းခဲ့သလို အလှူငွေတွေ လိုက်လံကောက်ခံကာ ဦးတိမ်ညွှန့်အတွက် တက်နိုင်သလောက်ကူညီပေးခဲ့တဲ့ သူမရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေက ချီးကျူးလို့နေကြပါတယ်။

Photo ; Tint Sann

သူမသွားရောက်ကန်တော့စဥ်မှာလည်း လူရွှင်တော်ကြီး ဦးတိမ်ညွှန့်မှာ ဝမ်းသားပီတိဖြစ်လွန်းလို့ မျက်ရည်များတောင် ကျတဲ့အထိ ဖြစ်ရတာကိုလည်း သရုပ်ဆောင် မျိုးမျိုးခိုင်တင်ထားတဲ့ ဗီဒီယိုလေးမှာ တွေ့ရပါတယ်။

“အခုလိုမျိုး အဖေကြီးဒုက္ခရောက်နေတဲ့အချိန်မှာ အနုပညာအချင်းချင်းအခုလို လှူဒါန်းပြီးကုသိုလ်ယူကြတဲ့ အရမ်းလည်းဝမ်းသာပါတယ်။ဖေကြီးဘယ်လိုပြောရမှန်းတောင် မသိပါဘူး။အခုလို အကျိုးဆောင်ပေးတဲ့ မျိုးမျိုးခိုင်တို့ မိသားစုလည်း ကျန်းမာချမ်းသာပါစေ” ဆိုပြီး လူရွှင်တော်ကြီး ဦးတိမ်ညွှန့်က ပြောခဲ့ပါသေးတယ်။သရုပ်ဆောင်မျိုးမျိုးခိုင်ကတော့ ဦးတိမ်ညွှန့်အတွက် လုပ်ပေးနိုင်တဲ့ဘက်က ကူညီပေးခဲ့နိုင်လို့လည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo ; Tint Sann

မျိုးမျိုးခိုင်ကတော့ လက်ရှိမှာအွန်လိုင်းကနေ live လွှင့်ပြီး စျေးရောင်းကာ ကိုဗစ်ကာလကို ဖြတ်သန်းနေသလို သူမရတဲ့ ငွေကြေးတွေထဲကလည်း အလှူအတန်းတွေ ပြန်လည်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။

မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို နှစ်ပေါင်း(၃၀) ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ သမီးလေး မြင့်မြတ်သော်တာကတော့ "ဆယ်လီ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။ 


Share

Loading Next Article...
က္က