ဆေးရုံ(၄) ရုံစာအတွက် အောက်ဆီဂျင်အသက်ရှုစက်(၈)လုံး လှူခဲ့ပါတယ်။

ပရဟိတ မင်းသမီးချောလေး အေးမြတ်သူကတော့ သူ ပြုခဲ့တဲ့ ကုသိုလ်အလှူလေးမှာ ပရိသတ်တွေလည်း ပါဝင် အားဖြည့်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Aye Myat Thu



အေးမြတ်သူကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ကိုဗစ်ရောဂါ ကုသရေးဌာနတွေ ဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး၊ ဧရာဝတီကိုဗစ်စင်တာနဲ့ နောက်ထပ် ကိုဗစ်စင်တာ(၂) ခုတို့အတွက် အောက်ဆီဂျင်အသက်ရှုစက် အလုံးရေ (၈) လုံး လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အခုလို စုပေါင်းပြီး ကုသိုလ်ပြုခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

" Covid_19 ကာလအတွင်းလိုအပ်နေတဲ့အောက်စီဂျင်အသက်ရူစက်(၈)လုံး တန်ဖိုးငွေကျပ် သိန်း(၅၀) ကျော်ကိုချစ်ရတဲ့ပရိသတ်ကြီးတွေရဲ့မေတ္တာနဲ့ရှာဖွေလှူဒါန်းခွင့်ရခဲ့ပါတယ်ရှင်။ နတ်လူသာဓုခေါ်ဆိုနိုင်ရန်ရည်သန်ပါသည်။ ၇ရက်သားသမီးချစ်ရသူအားလုံး မေတ္တာတရားတွေချစ်ခြင်းတွေနဲ့ မမြတ်လေးလုပ်အားပေါင်းစပ်ပြီးလှူဒါန်းခွင့်ရခဲ့တဲ့ အလှူလေးပါ ရှင်" ဆိုပြီးတော့ နိုဝင်ဘာလ (၃) ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အလှူအမှတ်တရ ဗီဒီယို ဖိုင်လေး တင်ခဲ့ပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူရဲ့ အလှူမှာတော့ နာမည်ကျော် မိတ်ကပ်ပညာရှင် ညီညီမောင်ကလည်း လုပ်အားဒါန ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အေးမြတ်သူဟာ သူမနဲ့ ပရိသတ်တွေ စုပေါင်းလှူဒါန်းလိုက်တဲ့ အသက်ရှုစက် ကြောင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေဖို့ကိုလည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။ 

" ရောဂါခံစားနေရတဲ့လူနာတွေအသက်ရူကြပ်ခြင်းမှာအထောက်ပံ့ဖြစ်စေတဲ့ဤကုသိုလ်ကြောင့် (၇)ရက်သားသင်္မးများအားလုံး ...အကြပ်အတည်းမှလွတ်ငြိမ်းချမ်းသာကြပါစေရှင်။ ကုသိုလ်ပြုရာမှာ နိဗ္မာန်ဆော်ပြုပေးတဲ့ မမသု (ညီညီမောင်) ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်"လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က