ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ လှည်းကူးမြို့နယ်က ပန်းခြံအရှေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အမျိုးဘာသာ သာသနာကိုစောင့်ရှောက်ကာကွယ်တဲ့ ခေါင်းဆောင်မျိုးကိုသာရွေးချယ်ဖို့ တိုက်တွန်းတဲ့ကမ်ပိန်းကို အမျိုးသားရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ လှည်းကူးမြို့နယ်က ပန်းခြံအရှေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။



အမျိုးဘာသာ သာသနာကို မစောင့်ရှောက်တဲ့သူတွေရှိနေတာကြောင့် အခုလိုကမ်ပိန်းပြုလုပ်ပြီး အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ့် အစိုးရမျိုးကို မဲပေးရွေးချယ်ပေးဖို့ ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိက အမျိုးဘာသာ သာသနာကိုမစောင့်ရှောက်တဲ့သူတွေရှိနေလို့ ကျွန်တော်တို့က စောင့်ရှောက်အောင်ပြောနေရတာ။ နောင်လာမယ့်မျိုးဆက်သစ်အတွက်ပြောနေရခြင်းဖြစ်တယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အမျိုးဘာသာ သာသနာကိုထိခိုက်မယ့်ကိစ္စတွေအရိပ်ယောင်တွေ ကျွန်တော်တို့ အများဆုံးတွေ့နေရတယ်။ အ မျိုးဘာသာသာသနာကိုစောင့်ရှောက်မယ့် အစိုးရမျိုးကိုလိုချင်တာ။ ဘာသာသာသနာကို နှိပ်ကွပ်တာကို မလိုလားဘူး။ နိုင်ငံသားဖြစ်လာမယ့်ဟာတွေ ကျွန်တော်တို့မလိုလားဘူး။”လို့ ကမ်ပိန်း ပြုလုပ်ခဲ့တဲ့ အမျိုးသားရေးအဖွဲ့ထဲက ကိုဇော်ဇော်ကပြောပါတယ်။

ဒီနေ့ လှည်းကူးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းကိုတော့ အမျိုးသားရေးအဖွဲ့ ဝင် ၂၀ ကျော်လောက်ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ပါတယ်။


ဒီကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသားရေးအဖွဲ့ဝင် မအေးအေးမော်က “ကျွန်မတို့က အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ အမျိုးသားရေးအဖွဲ့ပါ။ ကျွန်မတို့က အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ့် ခေါင်းဆောင်မျိုးကို ကျွန်မတို့တိုက်တွန်းတဲ့ကမ်ပိန်းကို ဒီနေ့စလုပ်တယ်။ ဘာကြောင့်လုပ်ရသလဲဆိုရင် ကျွန်မတို့ ရဟန်းသံဃာ သာသနာပြု ရဟန်းသံဃာတွေကို တစ်ပါးကိုသတ်ရင် တစ်ပါးပဲသေတယ်၊ ဆယ်ပါး သတ်ရင် ဆယ်ပါးသေတယ်။ ဒါပေမယ့် ဘာသာသနာမကွယ်ပါဘူး။ ဘာသာသ သနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်ဟာ ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့ အမျိုးကို ကျွန်မတို့ သာသနာ ၊ ဘာသာ ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ခေါင်းဆောင်မျိုးကို ရွေးချယ်ဖို့ ဒီကမ်ပိန်းကိုလုပ်တာပါ။ဒီလိုမျိုး အမျိုးဘာသာ သာသနာကိုစောင့်ရှောက်ပေးတဲ့ခေါင်းဆောင်မျိုးကို ဘာကြောင့်ရွေးချယ်သင့်သလဲဆိုရင် သာဓကတွေရှိပါတယ် နရသူဘုရင်ဟာ ဘာသာမဲ့ဖြစ်ပါတယ်။အဲ့ဒီဘုရင်လက်ထက်မှာ သံဃာတွေကိုလူထွက်ခိုင်းတယ် မိန်းမယူခိုင်းတယ်။ အမျိုးဘာသာသာသနာကို အာဏာနဲ့မသတ်တဲ့ ခေါင်းဆောင်မျိုးကိုရွေးချယ်ဖို့ ဒီနေရာကနေ အမျိုးတွေ ကိုမက်ဆေ့ပေးချင်ပါတယ်။ ကာကွယ်စောင့်ရှောက်တဲ့ ခေါင်းဆောင်မျိုး မည့်သည့် ပါတီကလူမျိုးမဆို အမျိုးဘာသာသနာကိုစောင့်ရှောက်မယ့် ခေါင်းဆောင်မျိုးကို့ပဲ ပေးကြပါ”လို့ ဆိုပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာလည်း အမျိုးသားရေးအဖွဲ့တွေစုပေါင်းပြီးတော့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ လူအင်အား ၅၀ ခန့်နဲ့ စတစ်ကာဖြန့်ဝေတဲ့ မန္တလေးက လှုပ်ရှားမှုမှာတော့ ဦးဆောင်သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အတွက် ပါဝင်လှုပ်ရှားသူတွေ လူစုကွဲသွားတယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၂ ရက်နေ့မှာ အမျိုးသားရေးဆရာတော်ဦးဝီရသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက်မှာ ယခုလို လှု ပ်ရှားမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က