သူကိုယ်တိုင်လည်း စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့အကြောင်းပြောလာပါတယ်။

ပါကျဲကတော့ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ မလုပ်ရတဲ့အချိန်မှာ ကျန်းမာရေးမကောင်းတဲ့ အမေဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ 

ပါကျဲဟာ အလုပ်တွေရပ်နားထားရလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ကမ်းလှမ်းလာတဲ့ ကြော်ငြာလေးတွေ ရိုက်နေတာ တွေ့ရပါတယ်။ သူ့ အနေနဲ့ အနုပညာကြေးကို ပေးသလောက်သာ ယူပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ Duwun ကို ပြောပါတယ်။ 



“ Covid ကာလမှာ ဘာပွဲမှလည်း မရှိ၊ ဘာကားမှ မရိုက်ရဘူး။ ပြီးတော့ အလုပ်တွေ မရှိတဲ့ အချိန်မှာ ဖြူဖြူထွေးက ဖိနပ်ကြော်ငြာ ခေါ်ရိုက်ခဲ့တယ်။ Covid ပထမအကြိမ် တုန်းကပေါ့လေ။ ပြီးတော့ အခုချိန်ထိ ကိုယ့်အတွက် အလုပ်က မရှိဘူး။ ဒါပေမယ့် ဖြူဖြူထွေးက ခေါ်တယ် အနုပညာကြေးတော့ ကြိုက်သလောက်ပေး လာရိုက်မယ်။ ပိုက်ဆံနည်းတာ များတာ အဓိက မကျဘူး စေတနာက အဓိကပဲ။ ရိုက်နေရရင် ကျေနပ်တယ်။ ဖြူဖြူထွေးနဲ့ရိုက်မယ့် ကြော်ငြာမှာ ဟာသအနေနဲ့ရိုက်ရတာ ဒီလို ရုပ်ကြမ်းကြီးက အလှတွေ ပြင်လိုက်တော့ တအား လှသွားတယ်ပေါ့ဗျာ။ ကုမ္မဏီကလည်း သနားလို့ အလုပ်ပေးထားကြတယ် ဆိုတဲ့ သဘောပါပဲဗျာ” လို့ ဆိုပါတယ်။ 

အဲဒီနောက် ပါကျဲဟာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူကိုလည်း ပြုစု စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူတို့ သားအမိ နှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် လာရောက် ထောက်ပံ့ပေးခဲ့ကြသူတွေရဲ့ ကျေးဇူးကို မမေ့ဘူးလို့ သူက ဆိုပါတယ်။ 

“ ကျွန်တော့်ကို သနားတာထက် ကျန်းမာရေး မကောင်းတဲ့ အမေ့ကို သနားပြီး လာလှူကြတာတွေရှိတယ်။ အခုချိန်မှာ ဆန်တစ်လုံးပဲ လှူ လှူ၊ ဘယ်လောက်ပဲ လှူ လှူ တစ်လုပ်စားဖူး သူ့ ကျေးဇူးတဲ့။ ကျွေးတဲ့လက်ကိုတော့ ကျွန်တော် ပြန်မကိုက်ပါဘူး။အခါအခွင့်ကြုံရင် ကျွန်တော် သူတို့ကို ကျေးဇူးဆပ်ချင်သေးတယ်”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ပါကျဲဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ရလေ့ရှိသူဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်ပေမယ့်လည်း အောင်မြင်တဲ့သူတစ်ယောက် မဟုတ်တာကြောင့် အနုပညာကြေး ရသလောက် ယူရင်း ဇာတ်ကားတွေ ရိုက်နေတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က