အောက်တိုဘာလ ၃၁ရက်ကမဲပေးခဲ့သူကို အမှုဖွင့်ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

ကြိုတင်မဲပေးရာမှာ ကိုယ်ပိုင်တံဆိပ်တုံးအတုနဲ့ မဲပေးခဲ့တဲ့ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ(၅၉)ပါ ပြဌာန်းချက်တွေနဲ့အညီ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၄ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖြစ်စဉ်က အောက်တိုဘာလ ၃၁ရက်မှာ အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ခံစဉ်ချိန် မဲပေးသူအမျိုးသားက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ UEC တံဆိပ်တုံးကို အသုံးမပြုဘဲ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးခဲ့တာ ဖြစ်ပါတယ်။ "တံဆိပ်တုံးအတုပါလို့ သူကလည်း ဝန်ခံထားတာကိုး။အဲဒါကို ဒီကဥက္ကဌကြီးတို့လည်း သွားစစ်တယ်လေ။တံဆိပ်တုံးအတုက တစ်တုံးပဲမိတာပါ ။ အဲဒါလည်း အခုရဲစခန်းမှာ သိမ်းထားပါတယ် " လို့ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးမြင့်နိုင်က Duwun ကို ပြောပါတယ်။



လက်ရှိမှာတော့ တံဆိပ်တုံးအတုနဲ့မဲပေးခဲ့တဲ့ အမျိုးသားကို ပုသိမ်မြို့နယ်ရဲစခန်းမှာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ်က မဲနှစ်ကြိမ်ပေးခဲ့တဲ့ ကျောင်းဆရာမတစ်ဦး နဲ့ ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်က မဲတံဆိပ်တုံးအတုယူဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ နိုဝင်ဘာလ ၃ရက်က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Share

က္က