လက်မှတ်ထိုး၊မင်္ဂလာဦီးဆွမ်းကျွေး ပြုလုပ်ခဲ့တာပါ။

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ဦးကတော့ နှစ်ဖက်မိဘတွေရဲ့ ရှေ့မှောက်မှာ ဒီနေ့ပဲ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ 

သရုပ်ဆောင် စည်ဖြိုးကတော့ ချစ်သူဖြစ်တဲ့ ခင်လွှမ်းနဲ့ ဒီနေ့ (နိုဝင်ဘာလ ၅ ရက်) မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ သံသုမာလမ်းမပေါ်မှာရှိတဲ့ မန္တလေးဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့တာပါ။ သူတို့ နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ အတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဌ နှင့် ဒါရိုက်တာများ၊ သရုပ်ဆောင်များကလည်း တက်ရောက်လာကြတာ တွေ့ရပါတယ်။ 



စည်ဖြိုးကတော့ သူ့ရဲ့ ကောင်မလေး ခင်လွှမ်းမှာ ကိုယ်ဝန်ရနေပြီဆိုတာကို ဒီနေ့ (အောက်တိုဘာလ ၂၆ ရက်) မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေး တင်ရင်း ပရိသတ်ကို အသိပေးခဲ့တာပါ။ စည်ဖြိုးအနေနဲ့ ဖခင်တစ်ယောက်ဖြစ်လို့ အခွင့်အရေးရလာပြီဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ Comment တွေမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြတာကို တွေ့ရပါတယ်။ စည်ဖြိုးရဲ့ ကောင်မလေးကတော့ Social Media ပေါ်မှာ လူသိများခဲ့တဲ့ ခင်လွှမ်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ခရီးလမ်းကတော့ တော်တော်ကို ကြာနေပါပြီ။ 

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က