အာဆင်နယ်အသင်း ကစးထားတဲ့ ပြိုင်ပွဲစုံ ၁၂ပွဲ ၈ပွဲကို ပွဲထွက်ပါဝင်ထားနိုင်ပြီး ၁ပွဲ လူစားဝင် ကစားကာ ၃ပွဲသာ မပါဝင်ထားသူဖြစ်ပါတယ်။

အယ်လီနီဟာ ယူနိုက်တက်နှင့်ပွဲသာမက ဒီရာသီ နည်းပြအာတီတာရဲ့ အဓိက အားထားရတဲ့ ကွင်းလယ်လူ အဖြစ် ဇာခါ၊စီဘယ်လော့စ်တို့ကိုတောင် နောက်ကောက်ချထားနိုင်သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မိုဟာမတ်အယ်လီနီဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ အသင်းရဲ့ ကွင်း လယ်မှာ အဓိက အားထားနေရသူ ဖြစ်ပါတယ်။



နည်းပြအာတီတာအတွက်တော့ ကွင်းလယ်ကို အယ်လီနီ၊ပါတေးအတွက်ကို အထိုင်ချပြီး အသုံးပြုနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၀-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အကောင်းဆုံး တွဲဖက် ကစားသွားနိုင်ခဲ့ ကြပါတယ်။

အယ်လီနီဟာ အာစင်ဝင်းဂါး ရှိစဥ် ၂၀၁၆ခုနှစ်တုန်းက ဘေဆယ်အသင်းကနေ ခေါ်ယူခြင်း ခံထားရသူ ဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းကတော့ ဘီဆစ်တပ်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

ဒီလိုအခြေအနေကြောင့် လက်ရှိ စာချုပ်သက်တမ်းဟာလည်း ယခုနှစ် ဘောလုံးရာသီအကုန်မှာ ပြည့်မှာ ဖြစ်ပြီး မကြာခင် အသင်းကနေ အလွတ်ပြောင်းရွှေ့ရတော့မယ့်သူပါ။

ယခုအခါ ကစားသမားရဲ့ ကောင်းမွန်နေတဲ့ ခြေစွမ်းကြောင့် အာဆင်နယ်အသင်းက နောက်ထပ် စာချုပ်ထပ်တိုး ဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

အယ်လီနီဟာ ယခုနှစ်မှာတော့ နည်းပြအာတီတာရဲ့ လက်စွဲတော်ဖြစ်နေပြီး စီဘယ်လော့စ်၊ဇာခါတို့ကိုတောင် နောက်‌ကောက်ချထားနိုင်သူပါ။

ယူနိုက်တက်နဲ့ပွဲမှာလည်း အခြားကစားသမားတွေအားလုံးထက်သာလွန်တဲ့ ဘောလုံးပေးပို့မှုများစွာကို တိကျစွာ လုပ်ဆောင်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ် အီဂျစ်လက်ရွေးစင်အတွက်တော့ ယခုနှစ်ဟာ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြရတော့ မယ့်နှစ်တစ်နှစ်ဖြစ်ပြီး အာစင်ဝင်းဂါး ဘာကြောင့် သူ့ကို ခေါ်ယူခဲ့တာလဲဆိုတာ သက်သေပြဖို့ အကောင်းဆုံး အချိန် လည်း ဖြစ်လို့နေပါတယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၇ပွဲကစား ၄ပွဲနိုင် ၃ပွဲရှုံး ၁၂မှတ်နဲ့ အဆင့် ၉နေရာမှာ ရပ် တည်နေပါတယ်။

ယနေ့ညမှာတော့ ယူရိုပါလိဂ် အုပ်စုပွဲစဥ်အဖြစ် မိုလ်ဒီအသင်းကို အိမ်ကွင်းဧည့်ခံကစားဖို့ရှိနေပြီး အုပ်စုတွင်း ၂ပွဲ ကစား ထားရာမှာ ၂ပွဲစလုံးနိုင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က