အာဆင်နယ်ကို ပရီးမီးယားလိဂ်ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားဟာ တူရကီမှာ မမျှော်လင့်ဘဲ အစ္စတန်ဘူလ်ကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
အစ္စတန်ဘူလ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ရာထူးက ထုတ်ပယ်ခံရဖို့အတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ပါပြီ။ ဖိအားတွေအောက်ကို ရောက်ရှိနေခဲ့တဲ့ ဆိုးလ်ရှားဟာ ဝက်ဘရွန်းစ်နည်းပြဘီလစ်၊ ဖူလ်ဟမ်နည်းပြ စကော့ပါကားတို့ကို ကျော်လွန်ပြီး ဘွတ်ကီတွေရဲ့ အလေးပေးမှုမှာ ထိပ်ဆုံးကိုေ ရာက်ရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကို ပရီးမီးယားလိဂ်ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားဟာ တူရကီမှာ မမျှော်လင့်ဘဲ အစ္စတန်ဘူလ်ကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ Betfair နဲ့ Paddy Power တို့က ဆိုးလ်ရှားကို ၆/၅ အလေးပေးထားပြီး BetVictor က ၄/၅ ၊ bet365 က ၈/၁၃ အထိ အလေးပေးခဲ့တယ်လို့ Oddschecker က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားနေရာကို အစားဝင်မယ့်နည်းပြအဖြစ် စပါးနည်းပြဟောင်းပိုချက်တီနိုက ၁/၃ နဲ့ အလေးပေးအခံရဆုံးအဖြစ် ရပ်တည်လာခဲ့ပြီး ဒါဟာ အင်္ဂလန်မှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ဖို့ ရောက်ရှိလာချိန်နဲ့ တိုက်ဆိုင်နေပြီလည်းဖြစ်ပါတယ်။ နည်းပြလောကကနေ တစ်နှစ်ခန့်ပျောက်ကွယ်နေခဲ့တဲ့ ပိုချက်တီနိုကလည်း ပရီးမီးယားလိဂ်မှာ နည်းပြပြန်လုပ်ဖို့ စိတ်ဝင်စားတယ်လို့ ဖွင့်ဟထားပါတယ်။
ဆိုးလ်ရှားအနေနဲ့ လာမယ့်အပတ်မှာ အဲဗာတန်ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ပွဲတစ်ပွဲကို ကြုံတွေ့ရဦးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာပွဲတွေကြောင့် လိဂ်ပွဲစဉ်တွေ ရပ်နားတော့မှာဖြစ်ပြီး အဆိုပါကာလမှာ နည်းပြအပြောင်းအလဲဖြစ်နိုင်ချေရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာရပ်တည်နေပြီး ခြောက်ပွဲကစားအပြီးမှာ ၂ပွဲသာအနိုင်ရထားပါသေးတယ်။